G-20 ခေါင်းဆောင်များက ပလတ်စတစ်သုံးစွဲမှုကို သုညအထိလျော့ချရန် ရည်မှန်း

ကမ္ဘာ့နိုင်ငံများက ၂၀၅၀ ပြည့်နှစ်မတိုင်မီ သမုဒ္ဒရာအတွင်း ပလတ်စတစ်ပစ္စည်းစွန့်ပစ်မှု ဇီးရိုးအဆင့်ထိ လျှော့ချသွားရန် ရည်ရွယ်သည့် အပြီးသတ်ပြင်ဆင်မှုများ လာမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ပြုလုပ်နေသည်ဟု NHK က ဆိုသည်။

အဆိုပါ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာတွင် ယနေ့ ဖွင့်လှစ်သည်။ 

အဆိုပါ ဆွေးနွေးပွဲ အစီအစဉ်များထဲတွင် ပလတ်စတစ်ပစ္စည်းများ သမုဒ္ဒရာအတွင်း စွန့်ပစ်မှုမြင့်မားမှုကို ကိုင်တွယ်ရန်နှင့်  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များအပေါ်  ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည်။

 

mdn

 

ခေါင်းဆောင်များက ပြဿနာများအပေါ် စည်းလုံးညီညတ်စွာဖြင့် ဆွေးနွေးနိုင်ခြင်းရှိမရှိ အလေးထားမည်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ကောင်းမွန်အောင်လုပ်ဆောင်ကာ နည်းပညာများ အသုံးချခြင်းအားဖြင့် သမုဒ္ဒရာ အတွင်း ပလတ်စတစ်သုံးစွဲမှုကို သုညအထိလျော့ချရန် ရည်ရွယ်သည့် Osaka Blue Ocean Vision ကို ကမ္ဘာ့ခေါင်းဆောင်များက ထောက်ခံလာစေရန် ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသည်။

သမုဒ္ဒရာအတွင်း ပလတ်စတစ်ပစ္စည်းများ စွန့်ပစ်ခြင်းကို ဆွေးနွေးရန် ယခုလအစောပိုင်းက နာဂိုစီရင်စု အလယ်ပိုင်းတွင် ဂျီ-၂၀ အဖွဲ့ဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် စွမ်းအင်ဝန်ကြီးများသည် တွေ့ဆုံခဲ့ကြသည်။

ပလတ်စတစ်လျော့ချရေးအတွက် နိုင်ငံပေါင်းများစွာမှ အားထုတ်မှု အစီရင်ခံစာများကို အပြည်ပြည်ဆိုင်ရာ မူဘောင်များ ချမှတ်ရန် ပူးတွဲတောင်းဆိုမှု ကြေညာချက်များကို ဝန်ကြီးများက ထောက်ခံခဲ့ကြသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn