နေပြည်တော် ဧပြီ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ မြောင်းမြ-လပ္ပတ္တာသွားလမ်းမကြီးမှတစ်ဆင့် ဝင်ရောက်သွားလာရသည့် သိလ္လာချောင်း ဖျားလမ်းအား မြေသားလမ်းမှ ကျောက်လမ်း ၁ မိုင် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် ရှမ်းရေကျော်ကျေးရွာ အုပ်စု ကညင်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ရှမ်းရေကျော်ကျေးရွာ ရွာအပြင်လမ်းအား ကွန်ကရစ်လမ်း ၄ ဖာလုံ ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါလမ်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် မြောင်းမြမြို့အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။
(သတင်းစဉ်)