လေးမျက်နှာ ၃ ဇန်နဝါရီ
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ဧက(၃၀၀) စိုက်ကွင်းတွင် ယနေ့နံနက် ၉ နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ညွှန့်ညွှန့်ဆွေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက EM ဘိုကာရှီမြေဆွေးပုံနှင့် စပါးခွံသဘာဝမြေသြဇာပြုလုပ် သုံးစွဲနည်းများအား လက်တွေ့ကွင်းဆင်းသရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဒေါ်ညွှန့်ညွှန့်ဆွေက EM ဘိုကာရှီ မြေဆွေးပုံနှင့် စပါးခွံသဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းအဆင့်ဆင့်ကို တောင်သူများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလူချောက EM ဘိုကာရှီမြေဆွေးနှင့်စပါးခွံသဘာဝ မြေသြဇာပြုလုပ်သုံးစွဲခြင်းအားဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်ခြင်း၊ ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်နိုင်းခြင်း၊ စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ရွှေမိုး(ပြန်/ဆက်)