ဒုဋ္ဌဝတီမြစ်ကမ်းမှ အပန်းဖြေနေရာများ

ပြင်ဦးလွင် ၁ မေ 

 

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ၃ မိုင်၊ ၅ မိုင်၊ ၇ မိုင်၊ ဝှက်ကား၊ ဝါးနက်၊ ဒီးဒုတ် စသည့်ကျေးရွာများသည် ဒုဋ္ဌဝတီ မြစ်အနီးတွင် တည်ရှိပြီး သစ်တောသစ်ပင်များကြောင့် စီးပွားရေးအမြင်ကျယ်သူများမှ အပန်းဖြေနေရာအဖြစ် အပြိုင်အဆိုင် တည်ဆောက်ခဲ့ကြသဖြင့် ၂၀၁၈ ခုနှစ်တွင် အလွန်စည်ကားသော အပန်းဖြေဇုန် တစ်ခုသို့ အသွင်ကူးပြောင်းလာခဲ့ကြောင်းတွေ့ရပေသည်။

 

အုန်းချောအလွန် ရဲရွာသို့သွားသည့် ကွန်ကရစ်- ကျောက်ကတ္တရာ လမ်းအတိုင်း ဝင်သွားသည်နှင့် ၃ မိုင် ကမ်းခြေအပန်းဖြေစခန်း၊ သစ္စာစိန်စီ အပန်းဖြေဥယျာဉ်၊ ၅ မိုင် ရွှေခေတ်စားသောက်ဆိုင်၊ ၅ မိုင် ဝါးနက် အပန်းဖြေဆင်စခန်း၊ ၆ မိုင် ပြည်သူ့နန်းတော်ဥယျာဉ်၊ ၇ မိုင် ချောင်းသာဒုဋ္ဌဝတီမြစ်ကမ်းမှ အပန်းဖြေနေရာများအပန်းဖြေစခန်း၊ ဝှက်ကားဒီးဒုတ် ဆင်စခန်း၊ ဒီးဒုတ်ရေပြာအိုင်နှင့် ၇ ဆင့် ရေတံခွန် အစရှိသဖြင့် တွေ့ မြင်ရပေမည်။

 

အဆိုပါ အပန်းဖြေဥယျာဉ်များတွင် ဝှက်ကားဒီးဒုတ်ဆင်စခန်းနှင့် ဝါးနက်အပန်းဖြေဆင်စခန်း နှစ်ခုမှာ အစိုးရဌာနပိုင်ဖြစ်ပြီး ကျန်အပန်းဖြေစခန်းများမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များအပိုင် ဖြစ်သည်။

 

အပန်းဖြေစခန်းများတွင် ရေလွှာလျှောစီးခြင်း၊ ရေပန်းများအောက် ကခုန်ခြင်း၊ ဒုဋ္ဌဝတီမြစ်အတွင်း Speed Boat စီးခြင်း၊ ရေကူးခြင်းနှင့် စားသောက်ဆိုင်များတွင် အနားယူအပန်းဖြေခြင်း စသည်ဖြင့် ဝန်ဆောင်မှုပေးထားကြောင်း တွေ့ရသည်။

 

ဆင်စခန်းများတွင်မူ ဆင်စီးခြင်း၊ ဆင်အစာကျွေးခြင်း၊ ဆင် ရေချခြင်း (သို့မဟုတ်) ရေချိုးခြင်းကို ကြည့်ရှုခြင်း၊ ဆင်အကြောင်း ပြတိုက်တွင်လေ့လာနိုင်ခြင်း စသည်ဖြင့် ဗဟုသုတ ရရှိနိုင်သည်။ မြို့ ကြီးပြကြီး၏ မွန်းကျပ်သော လူနေမှုအောက်မှတဒင်္ဂထွက်ပေါက်အဖြစ် သစ်တောသစ်ပင်နှင့် သဘာဝ မြစ်၊ ချောင်းများရှိရာ ကျယ်ဝန်းသော အပန်းဖြေနေရာတစ်ခုဖြစ်နေသည့် အုန်းချော- ရဲရွာသွားလမ်းတစ်လျှောက်ရှိ အပန်းဖြေနေရာများအား နေ့စဉ် လာရောက်သူများရှိသကဲ့သို့ အခါကြီးနေ့ကြီးရုံးပိတ်ရက်များတွင် ပြည်တွင်းဘုရားဖူးအဖွဲ့များ လာရောက်သဖြင့်ပိုမိုစည်ကားကြောင်း သိရပေသည်။

 

ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးပြီး ဒေသခံတို့ အလုပ်အကိုင် အခွင့်အလမ်းများအတွက် ယခုထက် အောင်မြင်ဖြစ်ထွန်းပါစေကြောင်း တင်ပြလိုက်ရပါသည်။

 နိုင်ထွန်း (TGI)