ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၂၇

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၅ ရက် မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ် (၂) သမဏိစက်ရုံ (ပင်းပက်) ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက စက်ရုံလည်ပတ်နိုင်ရေး ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ရုံလည်ပတ်နိုင်ရေးအတွက် တပ်ဆင်ပြီးစီးသော စက်ပစ္စည်းကိရိယာများကို ပြည်ပကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးတွေ့ရှိချက်များ အပေါ် စက်ရုံရှိ ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းမှ  အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း၊ TPE ကုမ္ပဏီမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ခွဲခြားသတ်မှတ်ထားရမည်ဖြစ်ကြောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သည် စက်မှုလုပ်ငန်းများ တည်ဆောက်ရေး လုပ်ငန်းများအတွက် မရှိမဖြစ်သော Pig Iron များကို ထုတ်လုပ်မည်ဖြစ်၍ အောင်မြင်အောင် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အတတ်ပညာကို အခြေခံသည့် အဖွဲ့အစည်းဖြစ်အောင် အားလုံးကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ နေဖြင့် Pig Iron ထုတ်လုပ်သည့် နောက်ဆုံးပေါ် နည်းပညာများရရှိရေး၊ စက်ပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအား ရေးဆွဲထားသည့် စီမံချက်များအတိုင်း ပြီးစီးအောင် အလေးထားကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားပြီး Air Separation Plant, Air Compressor Station, Romelt Shop, 2- Lift Pump House တို့တွင် တပ်ဆင်ပြီး စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

mdn

 

ဒုတိယဝန်ကြီးသည် ဇွန် ၂၆ ရက်တွင် စက်ရုံရှိ စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်နေသည့် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရာ တာဝန်ခံများက လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုကို ကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်ရုံခွဲများရှိ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ထားရန်နှင့် Time Line Schedule ရေးဆွဲ ဆောင်ရွက်ရန်၊ စက်ရုံအား Third Party ၏ အစစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ လုပ်ငန်းတာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်မှာကြားပြီး Ore Preparation Unit တွင် Insulation များ တပ်ဆပ်နေမှုအခြေအနေ၊ Waste Heat Boiler စစ်ဆေးပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်