နေပြည်တော် ဧပြီ ၂၀

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ နည်းပညာတက္ကသိုလ်(တောင်ကြီး)သို့ ရောက်ရှိပြီး မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပင်မသုံးထပ်ဆောင် Lobby ဧရိယာ အရှေ့ဘက်နှင့် အနောက်ဘက်၊ ပင်မသုံးထပ် ဆောင် မြေညီထပ်ရှိ အခန်းများ၊ ဘွဲ့နှင်းသဘင်ခန်းမအတွင်း အပြင်များနှင့် ပင်မသုံးထပ်ဆောင် ရှိ အခြားထိခိုက်ပျက်စီးမှုများ၊ ဝန်ထမ်း အိမ်ရာများ၊ ကျောင်းသား အိပ်ဆောင်များတွင် သာမန်အငယ်စားထိခိုက်ပျက်စီးမှု အခြေ အနေများ၊ အကြီးစားထိခိုက် ပျက်စီးမှုအခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးကာ Rapid Evaluation Safety Assessment Form Level-2 ဖြင့် ဆက်လက်စစ်ဆေးရန်၊ ပြန်လည်ပြုပြင်သည့်အခါ စံအရည်အသွေးပြည့်မီမှု နှင့် စစ်ဆေးကွပ်ကဲမှုတို့ဆိုင်ရာ လိုအပ်သည်များကို မှာကြာ သည်။

 

ဆက်လက်၍ ပါမောက္ခချုပ်က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ရှမ်းပြည်နယ်) နှင့် ဒေသခံအင်ဂျင်နီယာအဖွဲ့များက ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းများ၊ ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်မည့် လျာထားလုပ်ငန်းများ၊ ကျောင်းဖွင့်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြပြီး အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ဖြည့် စွက်ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက မိမိတို့၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် နိုင်ငံတော်က အမှန်တကယ် အားထားရသည့် မျိုးဆက်သစ်အင်ဂျင်နီယာ လူငယ်ကောင်းများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး၊ ဤ တက္ကသိုလ်ရှိ ကျောင်းသားများသည် ငလျင်ဒဏ်မခံရသော အခြားတက္ကသိုလ်များရှိ ကျောင်း သားများ၏ ပညာသင် ကာလနှင့် တစ်ပြေးညီဖြစ်စေရေးတို့အတွက် လာမည့်ကျောင်းဖွင့်ချိန်၌ သင်တန်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး အတွက် လိုအပ်သည့် ပြင်ဆင်မှုလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အင် တိုက်အားတိုက် ဆောင်ရွက်ရန်၊ MSME နှင့် ဒေသအကျိုးပြု လုပ်ငန်းများတွင် အရှိန်အဟုန်မပြတ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်