ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

နေပြည်တော် ၃၁ ဒီဇင်ဘာ

 

၂၀၁၇ ခုနှစ် နှစ်သစ်အခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်တကွ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူအားလုံး ရွှင်လန်း ဝမ်းမြောက်ကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

ယခုနှစ်သစ်ဟာ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းတွေ သယ်ဆောင် လာမှာဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း မျှော်လင့်ထားကြရဦးမှာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းခြင်းဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တာနဲ့အညီ နိုင်ငံတစ်ဝန်း လုံး တည်ငြိမ်အေးချမ်းရေးကို ပြည်သူအားလုံးက စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းတည်ဆောက် ကြဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ် နိုင်ငံတော်ကြီး တည်ဆောက်ရေးမှာ အားလုံးပါဝင်ကူညီကြဖို့ နှိုးဆော် အပ်ပါတယ်။

 

နှစ်သစ်မင်္ဂလာအခါသမယမှာ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် သာယာဝပြောပါ စေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။