ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

နေပြည်တော် ၁၆ ဧပြီ

 

မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံး မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကနြ်ရေကို ပက်ဖျန်း ကာ နှစ်သစ်ကို ကြိုဆိုဆင်နွှဲလျက်ရှိနေ ကြတဲ့ ဒီအချိန်အခါသမယမှာ လူမျိုး ဘာသာမခွဲခြားဘဲ အချင်းချင်း မေတ္တာ စေတနာ ကရုဏာများထားပြီး တစ်အူထုံ့ဆင်း ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ ခေတ်သစ်ကို ပျော်ရွှင် လန်းဆန်းစွာ တက်ညီလက်ညီ ချီတက်နိုင်ကြပါ စေ.. ဘေးရန်အ္တရာယ်များ ကင်းရှင်းပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေ…… ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ်ဖြစ်ပါစေ