ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ပထမအကြိမ်ခရီးစဉ်အတွင်း ရရှိခဲ့သော ရလဒ်များ

mdn

သတင်းဆောင်းပါး - ညီညီအောင် (WTO)

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် ရလဒ်ကောင်းများရရှိခဲ့ သည်။ ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဦးဆောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက်ကို လည်း ကောင်းမွန်သည့်ရလဒ်များကို ဆက်လက် ဆောင်ကြဉ်းပေးနိုင်မည်လည်းဖြစ်သည်။

 

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ဆက်စပ်မူဝါဒများအပေါ်သတ်မှတ်ထား သည့် အချိန်ကာလအပိုင်းအခြားအလိုက် ပြန်လည် ဆန်းစစ်လေ့လာသုံးသပ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ် အား အဖွဲ့ဝင်များက မဖြစ်မနေလိုက်ပါဆောင်ရွက်ရန် တာဝန်ရှိသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။

 

အဆိုပါ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်း စဉ်အား အဖွဲ့ဝင်များက လိုက်ပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်အားလုံးက နိုင်ငံစုံကုန်သွယ်မှု သဘောတူချက်များပါ စည်းမျဉ်းများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့် ကတိကဝတ်များအား ပိုမိုစွဲမြဲစွာ ထိန်းသိမ်းလိုက်နာစေရန်နှင့် အဖွဲ့ဝင်များ၏ ကုန်သွယ်မှု မူဝါဒများနှင့် အလေ့အထများကို ကောင်းမွန်စွာ နားလည် သဘောပေါက်ခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်နိုင်ပြီး မိမိနိုင်ငံအတွက် ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အား တိုးတက်အောင်ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။

 

ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်း အား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ် တာ အချိန်ဇယားကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်း ရေးဆွဲ၍ ယင်းလုပ်ငန်းအစီအစဉ်အတိုင်း လိုက်ပါ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ် ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်း ဦးဆောင်လုပ်ငန်းအဖွဲ့ (Core Team) ကို ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ဝန်ကြီးဌာနအောက်ရှိ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန -များမှ ကိုယ်စားလှယ် ၁၆ ဦးဖြင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရုံးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ကုန်သွယ်ရေးဦးစီး ဌာနအောက်ရှိ WTO ဌာနခွဲမှ တာဝန်ခံအဖြစ် ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် ဦးစီးဌာနနှင့် အဖွဲ့အစည်းစုစုပေါင်း ၈၃ ခုနှင့် ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့ ရှစ်ခုတို့မှ Contact Person နှင့် Focal Person များ သတ်မှတ်ကာ အနီးကပ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် လျက်ရှိသည်။

 

ပထမအကြိမ်ခရီးစဉ်

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ပထမဦးဆုံးလုပ်ငန်းအနေ ဖြင့် ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် ဆက်စပ်၍ အချက်အလက်များကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် မေးခွန်းများ မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့မှ တာဝန်ခံ ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ပထမ အကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

 

ဆက်စပ်အစည်းအဝေးများ

 

 ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များသည် ခရီးစဉ်၏ ပထမရက်ဖြစ်သည့် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်း တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာ ဦးဆောင် လုပ်ငန်းအဖွဲ့ (Core Team) တွင်ပါဝင်သော ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များအားတွေ့ဆုံကာ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လက်ရှိအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ဝန်ကြီးဌာနအောက်ရှိသက်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များအား  ဂါရဝပြုတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ယင်းသို့ ဂါရဝပြုတွေ့ဆုံ ဆွေးနွေးစဉ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Mr. Masahiro Harafuji က မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် ပြုပြင် ပြောင်းလဲမှုများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် တက်ကြွ စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းအခြေ အနေများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့မှပြုစုသည့် သဘောတူညီချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ယင်းအခြေအနေများကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့မှပြုစုသည့် ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း အစီရင်ခံစာတွင် မှန်မှန် ကန်ကန် ဖော်ပြသွားမည်ဖြစ်ကြောင်း၊ Core Team အဖွဲ့ဝင် များ၏ ဦးစီးဆောင်ရွက်မှုများကို အားရကျေနပ်မှုရှိကြောင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများ၏ အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှာ အောင်မြင်ပြီး ရလဒ်ကောင်းများဆောင်ကြဉ်းလာမည်ဟု ယုံကြည်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုလုပ်ငန်းစဉ်အား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု များကို အကောင်းဆုံးအနေအထားဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်အောင်မြင်နိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိပါကြောင်းတို့အပါအဝင် ဆက်လက်ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးပြောကြားခဲ့သည်။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၏ ခရီးစဉ်ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာ ၃ ရက်တွင် ပထမအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်ကာလအထိ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခြေအနေများကို သက်ဆိုင်ရာဦးစီးဌာနနှင့် အဖွဲ့ အစည်းများက ရှင်းလင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနက ဦးဆောင်ပြီး GIZ အဖွဲ့ အစည်း၏ အထောက် အပံ့ဖြင့် Royal Nay Pyi Taw Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်ဆက်စပ်လျက်ရှိသည့် မိတ်ဖက်ဌာနအဖွဲ့ အစည်း ၇၇ ခုမှ ကိုယ်စားလှယ် ၁၀၂ ဦးနှင့် ပုဂ္ဂလိက အသင်းအဖွဲ့ ရှစ်ခုမှ ကိုယ်စားလှယ် ရှစ်ဦး အပါအဝင် စုစုပေါင်း ၁၂၀ တက်ရောက်ခဲ့သည်။

 

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် အဓိကဆက်စပ်လျက်ရှိသည့် ဌာနများမှ ကိုယ်စားလှယ်များက မိမိတို့ဌာနအလိုက် ပြောင်းလဲဖြစ်ပေါ်တိုးတက်ခဲ့သည့် ကုန် သွယ်မှုဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ အခြေအနေများ ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲမှု အခြေအနေများအပေါ် ဂုဏ်ယူဝမ်း မြောက်ကြောင်းနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအား အသိအမှတ်ပြုကြောင်းတို့ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များက ချီးကျူးပြောကြားခဲ့သည်။

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၏ ခရီးစဉ် တတိယနေ့နှင့် စတုတ္ထနေ့များဖြစ်သော ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ကုန်သွယ်မှုနှင့် အဓိကဆက်စပ်လျက်ရှိသည့် ဌာနအဖွဲ့အစည်း ၅၃ ခုမှ တာဝန်ခံကိုယ်စား လှယ်များအား ဖိတ်ကြားကာ သက်ဆိုင်ရာအချိန်ဇယားအလိုက် ဌာနတစ်ခုချင်းမှ တာဝန်ခံကိုယ်စားလှယ်များနှင့် သီးခြားစီတွေ့ဆုံကာ ပြုစုပေးရမည့် အချက်အလက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များအနေဖြင့် ဌာန တစ်ခုချင်းမှ တာဝန်ခံကိုယ်စားလှယ်များ၏ တက်ကြွစွာ ဆွေးနွေးမှုများ ပူးပေါင်းဆောင်ရွက်မှုများကို မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးခဲ့သည့် အဓိကအချက်များ

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၏  ပထမအကြိမ်ခရီးစဉ်အတွင်း၌ ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသောဌာနနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ပြုစုပေးပို့ထားသော ကနဦးအချက်အလက်များကိုအခြေခံကာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။ ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ ကုန်သွယ်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ရှင်းလင်းဆွေးနွေး မှုများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ များမှ ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုရာ၌ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များနှင့်အညီ ကုန်သွယ်မှုဆိုင်ရာမူဝါဒများအား ချိန်ညှိပြုပြင်ပြောင်းလဲ ကာ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၌ ၎င်းတို့၏ အတွေ့အကြုံအရ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို အချိန်တိုအတွင်း သိသာထင်ရှားစွာတွေ့မြင်ရကြောင်း၊ ယင်းဖြစ်ပေါ်တိုးတက် မှုအခြေအနေများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

ထို့ပြင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများမှ ပြုစုပေးပို့ခဲ့သည့် ကနဦးအချက်အလက်များနှင့် ပထမ အကြိမ်ခရီးစဉ်အတွင်းရရှိခဲ့သည့် အချက်အလက်များကိုအခြေခံကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ မှ ကျွမ်းကျင် ပညာရှင်များက အစီရင်ခံစာ မူကြမ်းအား ၂၀၂၀ ပြည့်နှစ် ၊ မတ်လတွင် ပထမအဆင့်ဖြင့် ရေးသားပြုစုသွား မည်ဖြစ်ကြောင်း၊ အချက်အလက်များရရှိရေးအတွက် ၎င်းတို့မျှော်မှန်းထားသည်ထက် ကြိုတင်ပြင်ဆင် ပြုစုထားသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ထပ်မံသိရှိလိုသည့် အချက်အလက်များ၊ ဖြည့်စွက်လိုသည့်အချက်အလက်များရှိပါက တာဝန်ခံ ဌာနဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူများမှတစ်ဆင့် လိုအပ်သလို ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

 

ရရှိခဲ့သော ရလဒ်များ

 

အဖွဲ့အစည်းများအချင်းချင်းအပြင် ဆက်စပ်ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အစိုးရဌာနနှင့် အဖွဲ့အစည်း များတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ကုန်သွယ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း စည်းကမ်းများကို ပွင့်လင်းမြင်သာရှိစွာ ချပြနိုင်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပါအဝင် ဆက်စပ်နိုင်ငံတကာ အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအပေါ် ယုံကြည်လေးစား မှုကို ပိုမိုရရှိလာစေခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးပွားလာစေခြင်း စသည့်ရလဒ် အကျိုးကျေးဇူးများကိုရရှိခဲ့ကြောင်း သုံးသပ် တွေ့ရှိခဲ့ပါသည်။

 

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများနှင့် ကတိကဝတ်များအား အကောင်းဆုံး လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန်၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်တွင် နိုင်ငံတော်၏ပုံရိပ်ကို အကောင်းဆုံး မြှင့်တင်နိုင်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို၂၀၂၀ ပြည့်နှစ် အောက်တို ဘာလအတွင်း အပြီးဆောင်ရွက်သွားရန် အချိန်ဇယား များကို စနစ်တကျရေးဆွဲကာ သတ်မှတ်အချိန်ကာလ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆက်စပ်ဌာန၊ အဖွဲ့ အစည်းများနှင့် အနီးကပ်ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်ကြီးအား ရည်မှန်း ချက်အတိုင်း ပြည့်ပြည့်ဝဝအောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်မိပါသည်။