ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

နေပြည်တော် ၁၅ ဇူလိုင်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

lt

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများတွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ရောဂါကာကွယ်ရေးအတွက် မည်သည့်အစီအမံများ ထားရှိပြီး တိုက်ပွဲရှောင်များ အဆင်ပြေစေရေး၊ စားဝတ်နေရေးအတွက် မည်သို့ ဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနသည် ကျောက်တော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် COVID – 19 ရောဂါကာကွယ်ရေးနှင့် အသိပညာပေးရေးအတွက် အိမ်ထောင်စု ၂၈၂၄ စု၊ လူဦးရေ ၁၁၀၀၀ ကျော်တို့ကို ဆပ်ပြာတောင့်များ၊ Surgical Mask နှင့် အဝတ် Mask များ၊ Thermal Sensorများ၊ Hand Gelများ၊ Hand Speaker Memory Stick ဆောင်ရန်၊ ရှောင်ရန်အသိပေး နှိုးဆော်စာ၊ Vinyl များ၊ လက်ဆေးဘေစင်များ၊ ထုံးအိတ်များကို မေလနှင့် ဇွန်လအတွင်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျောက်တော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများ စားနပ်ရိက္ခာပြေလည်စေရေးနှင့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ယခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်နေ့အတွင်း ငွေကျပ် ၂၇၁ သန်းကျော် ထောက်ပံ့ခဲ့ပါကြောင်း၊ ထို့ပြင် ICRC, WFP အပါအဝင် UN, INGO, NGO အဖွဲ့အစည်းများအနေဖြင့်လည်း စားနပ်ရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပစ္စည်းများကို ပြည်နယ်အစိုးရ၏ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ခွင့်ပြုချက်ဖြင့်  တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

ထို့ပြင် IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများတွင် COVID – 19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်မြှင့်တင်၍ ပိုမိုထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူထောက်ပံ့နိုင်ရန် ငွေကျပ် ဒသမ ဘီလီယံကုန်ကျမည့်လုပ်ငန်း အစီအစဉ်ကို COVID – 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူပြီး အဆိုပါ စခန်းများတွင် အဝတ်နှာခေါင်းစည်းများ၊ ဆပ်ပြာတောင့်များ၊ အိမ်ထောင်စုအလိုက် Hand Stanizer များ၊ စခန်းအလိုက် Infrared Thermometere များ၊ ထုံးအိတ်များ၊ လက်ဆေးဘေစင်များနှင့် စခန်းများတွင် COVID – 19 သံသယလူနာများ တွေ့ရှိပါက သီးခြားထားရှိရန် ယာယီအဆောက်အအုံများ ဆောက်လုပ်ရန် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်နယ်အစိုးရအဖွဲ့သည် ကျောက်တော်မြို့နယ်သို့ ထပ်မံရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ နေထိုင်နိုင်ရန်အတွက် လူနေအဆောက်အအုံ တန်းလျား () လုံးနှင့် နှစ်ခန်းတွဲအိမ်သာ (၁၆)လုံးကို ငွေကျပ် ၈၈ ဒသမ ၇၂ဝသန်း အကုန်အကျခံပြီး ထပ်မံဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် COVID – 19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်နှင့် ပတ်သက်၍လည်း ထောက်ပံ့မှုများ ရရှိထားပါကြောင်း၊ ထို့ကြောင့် ကျောက်တော်မြို့နယ်အတွင်းရှိ အကျိုးခံစားခွင့်ရရှိသူများကိုလည်း ဆက်လက်ထောက်ပံ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ မေးခွန်းနှင့် စပ်လျဉ်း၍ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြည်နယ်အဆင့် COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့်လည်း ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး တိုက်ပွဲရှောင်စခန်းများအတွင်း နေထိုင်သူများအတွက် ပုံမှန်ထောက်ပံ့မှုများအပြင် COVID – 19 ကာလလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ အခြားဆက်စပ်ဌာနအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ချောင်း၀ကျေးရွာအုပ်စုနှင့် မင်းပြင်ကျေးရွာအုပ်စု၊ ပြင်ရှည် - ကုလာဘာကျေးရွာချင်းဆက် လမ်းပေါ်တွင် ရှိသော တံတား()စင်းအား ဘတ်ဂျက်သတ်မှတ်နှစ်အတွင်း မပြီးစီးသည့်ကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုခြင်း မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြင်ရှည်  - ကုလာ ဘာလမ်းပေါ်တွင် အရှည် ပေ ၃၀ တံတားတစ်စင်း၊ အရှည် ပေ၆၀ တံတား တစ်စင်းနှင့် ရေနံတောင် - ချောင်း၀ လမ်းပေါ်တွင် အရှည် ပေ ၁၀၀ တံတားတစ်စင်း စုစုပေါင်း တံတား ()စင်းတည်ဆောက်ရန် ရှိပါကြောင်း၊ အဆိုပါ တံတား ()စင်းအနက် ပြင်ရှည် - ကုလာဘာကျေးရွာချင်း ဆက်လမ်းပေါ်ရှိ အရှည် ပေ ၃၀ ကွန်ကရစ်တံတားတစ်စင်းအား မူလရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် တံတား() စင်းသည် မူလက ရန်ပုံငွေအပြည့်အဝ မပါရှိခဲ့ပါကြောင်း၊ သို့သော် ယခုအခါ  ဖြည့်စွက်ရန်ပုံငွေတွင် ထပ်မံရရှိပြီး ဖြစ်ပါ၍ လာမည့် စက်တင်ဘာလကုန်တွင် တံတားများအားလုံး သတ်မှတ်ချိန်အတွင်းပြီးစီးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်နှင့် မတူပီခရိုင်ကို ဆက်သွယ်သော မင်းတပ် - မတူပီ ခရိုင်လမ်းမကြီးအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းတာချဲ့ရန် ကျန်ရှိနေသော (၁၆/) မိုင်အား (၃၄) ပေ တာချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်း အပြီးသတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက မင်းတပ် - မတူပီကားလမ်းသည် စုစုပေါင်း ၁၀၂ မိုင်ရှည်လျားပြီး လမ်းဦးစီးဌာနပိုင် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေပြင်တွင် အမှန်တကယ်လိုအပ်နေသည့် မျက်ကွယ်ကွေ့()မိုင်ကို ၃၄ ပေ တာလမ်းချဲ့ရန်အတွက် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း ၄၈၀ လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုနှင့် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေများဖြင့် ၂၄ ပေအကျယ် ကတ္တရာလမ်း()မိုင်၊ ၁၂ပေအကျယ် ကတ္တရာလမ်း ၁၅ မိုင် ၃ဖာလုံ၊ ၁၂ ပေအကျယ် လမ်းကွေ့ဖြောင့်၍ ကတ္တရာလမ်းသစ်ခင်းခြင်း ()မိုင် နှင့် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းသစ်ခင်းခြင်း ဖာလုံ၊ မြေထိန်းနံရံတည် ဆောက်ခြင်း (၂၅)ခု တို့တည်ဆောက်ရန်အတွက် ရန်ပုံငွေစုစုပေါင်း ငွေကျပ် ၄၆၄၈ သန်းလျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးလှဦး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ရှိ မုံရွာ - အရာတော် - ရွှေဘိုလမ်းမှ (မကျီးစောက်ကျေးရွာမှ ဆင်တလည်ကျေးရွာအထိ) လမ်းအရှည် မိုင် ဖာလုံ၊ လမ်းအကျယ် ၃၅ ပေ ရှိသော လမ်းတွင် မိုင် ဒသမ ဖာလုံကို မြေလမ်းမှ ကျောက်လမ်းအဖြစ်သို့ လည်းကောင်း၊ မိုင် ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ်သို့ လည်းကောင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ဇရစ် - မကျီးဇောက် - ငါးရဟိုး - ဆိပ္ဖူးကြီး - စပါးတွင်း - လက်ပံသာ - သလဲဘာ - ဆင်တလည် လမ်းပေါ်ရှိ မကျီးဇောက် ရေကျော်အား Sub mersible Bridge တည်ဆောက်ရန်အတွက် ငွေကျပ် ၁၄၁ ဒသမ သန်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ကာလများတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား ပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးရဲမြင့်စိုး၏ လူနေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အမှိုက်စွန့်ပစ်ရန် နေရာအခက်အခဲများ တစ်နေ့တခြား ကြီးထွားလာမှုကို ပုဂ္ဂလိကလုပ်ငန်းကြီးများအား တစ်ပိုင်တစ်နိုင် အမှိုက်မီးရှို့ဖျက်ဆီးစက် (Incinerator)များ အသုံးပြုစေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈)ခုနှစ် ပြဋ္ဌာန်းချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်အမှိုက်များ၊ စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော Industrial Waste များနှင့် အခြားစွန့်ပစ်အမှိုက်များအားလုံးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသာ တာဝန်ယူသိမ်းဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ သိမ်းဆည်းဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်ရှိ အစိုးရဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ (၇၆)ခု၊ ပုဂ္ဂလိကဆေးခန်း ၁၉၂၅ ခုတို့မှ ထွက်ရှိသည့် နေ့စဉ်ဆေးရုံ၊ ဆေးခန်းထွက် စွန့်ပစ်ပစ္စည်းများကို ဖျက်ဆီးနိုင်ရန်အတွက် လှိုင်သာယာမြို့နယ်၊ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံတွင်ရှိသည့် တန် ၂၀ အမှိုက်မီးရှို့စက်ကို တည်ဆောက်ပြီး လက်ရှိ ဖျက်ဆီးဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအနေအထားတွင် ဆေးရုံကြီးများနှင့် စက်ရုံများအားလုံးတွင် အမှိုက်မီးရှို့စက် ပါဝင်တပ်ဆင်ဆောင်ရွက်ရန် မူဝါဒပြဋ္ဌာန်းထားခြင်း မရှိသေးပါကြောင်း။

နေပြည်တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်()မြို့နယ်ရှိပြီး ထွက်ရှိသည့်အမှိုက်များကို ပုဗ္ဗသီရိအမှိုက်ကွင်း၊ လယ်ဝေး စမ်းကလေးအမှိုက်ကွင်း၊ တပ်ကုန်းအမှိုက်ကွင်း စသည်ဖြင့် အမှိုက်ပုံ ()နေရာတွင် စွန့်ပစ်ပြီး ()ရက်လျှင် တန် ၂၀၀ မှ တန် ၂၆၀ အထိ စွန့်ပစ်လျက်ရှိပါကြောင်း၊ တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကအမှိုက် မီးရှို့ဖျက်ဆီးစက်များကို တပ်ဆင်အသုံးပြုရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း မရှိသေးသည့်အတွက် နေပြည်တော်အတွင်းရှိသည့် အစိုးရ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း စုစုပေါင်း (၅၇)မှ ထွက်ရှိသည့် ဘေးအန္တရာယ်ရှိသည့် စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ် ဆောင်ရွက်လျက် ရှိပါကြောင်း။

ကရင်ပြည်နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် ADB မှရရှိသည့် ဘားအံမြို့အမှိုက် စွန့်ပစ်စနစ် မြှင့်တင်ခြင်းအတွက် ဒေါ်လာ ဒသမ ၆သန်းနှင့် မြဝတီမြို့ အမှိုက်စွန့်ပစ် စနစ်အတွက် ဒေါ်လာ ဒသမ သန်းကို ချေးငွေရယူပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်၍ အမှိုက်မီးရှို့စက်တည်ဆောက်ရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အတွက် ဂျပန်နိုင်ငံ၊ Mistubishi Research Institute နှင့် Fujita Corporation တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ မီးရှို့ဖျက်ဆီးရေးအတွက် စက်ရုံတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း။

ရှမ်းပြည်နယ်တွင် အင်္ဂလန်အခြေစိုက် Organic Asia Co.Ltd နှင့် ရန်ကုန်မြို့ရှိ ရွှေပြည်ကုမ္ပဏီလီမိတက်တို့ဖြင့် စွန့်ပစ်အမှိုက်မှ စွမ်းအင်လောင်စာ ထုတ်လုပ်နိုင်မည့် အမှိုက်မီးရှို့စက် တည်ဆောက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အမှိုက်မီးရှို့ဖျက်ဆီးစက်များ တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်လာမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  လက်ရှိအနေအထားတွင် ဆေးရုံကြီးများ၊ စက်ရုံများတွင် ပုဂ္ဂလိက တစ်ပိုင်တစ်နိုင် အမှိုက်မီးရှို့စက် တပ်ဆင်ဆောင်ရွက်ရန်အတွက် မူဝါဒချမှတ်ထားခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဖေချစ်၏ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာ၊ ကွင်းအမှတ်(၅၂၂) (၅၂၃)သီးနှံစိုက်ဧရိယာ (၁၆၉)ဧကသည် မြေစာရင်းမြေပုံထွက် ရှိထားသော်လည်း စားကျက်မြေ ပယ်ဖျက်ခြင်းကို ဆိုင်းငံ့ထားသောကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ၁၉၉၄ ခုနှစ်ကတည်းက ပါဝင်သွားခဲ့ပြီး ဖြစ်သောကြောင့်လည်းကောင်း မြို့မြေ သို့မဟုတ် ရွာမြေအဖြစ် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ဝင်ဦးညီထွန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဖေချစ်က ထောက်ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် အမျိုးသားလွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇူလိုင် ၂၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်