ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်ရှိ ဟာဖိဇ်စာသင်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ ၁၀ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်ရှိ ဟာဖိဇ်စာသင်ကျောင်းဆောင်၌ ယနေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်က ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး စိုးနိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယမီးသတ်တပ်ဖွဲ့ဝင်များနှင့်  ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၀၀:၄၈  တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ဗလီတာဝန်ခံ ဦးမြင့်နိုင်အား ဒလမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်လင်းကျော်(IPRD)

 

mdn