နေပြည်တော် မတ် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မဈေးနှင့် ပျံကျဈေး၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေလျှံထွေးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် မီးသတိမူရေးဆော်ဩခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)


