ဒီနေ့ကို အချုပ်အားဖြင့်ပြောရရင်တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိသွားလို့ လက်မှတ်ရေးထိုးတယ်လို့ ပြောရမှာပါ

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဦးညိုအုန်းမြင့် (အတွင်းရေးမှူး၊ Center for Peace and Reconciliation) က “အခုလက်ရှိ အစိုးရအနေနဲ့ ရှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ မွန်ပြည်သစ်ပါတီ ဘက်ကနေပြီး တပ်မတော်ဘက်ကနေ အာမခံချက်ရှိမယ်ဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ဆိုလာပါတယ်။ အဲဒါကြောင့် ကျွန်တော့်အမြင်နဲ့ ပြောရရင်ဥက္ကဋ္ဌကြီး နိုင်ထောမွန်နဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က အာမခံချက်ရတဲ့အတွက် လက်မှတ်ထိုးတယ်လို့ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်အရ ပြောတာပါ။ နောက်ထပ်လည်း လက်မှတ်ရေးထိုးလာနိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိလာနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနဲ့ တွေ့ဖို့ဆိုတာ တစ်ခါတစ်ခါ နှစ်လသုံးလလောက် စောင့်ရတယ်။ ဒီကြားထဲမှာ နားလည်မှုထပ်လွဲသွားတာ ရှိပါတယ်။ ဒီနေ့ကို အချုပ်အားဖြင့်ပြောရရင်တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိသွားလို့ လက်မှတ်ရေးထိုးတယ်လို့ ပြောရမှာပါ” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်ရာတွင် မေးမြန်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN