ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ ရုံးပိတ်ရက်အတွင်း လာရောက်လည်ပတ်သူများရှိ

ဒီးမော့ဆို ၁၁  ဖေဖော်ဝါရီ

 

 

အစိုးရရုံး သုံးရက်ပိတ်တာကာလအတွင်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အထင်ကရ နေရာများဖြစ်သော ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ငွေတောင်ဆည်နှင့် ပန်ပက်ကျေးရွာတို့တွင် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်လည်ပတ်မှုများပြားလျက်ရှိကြောင်း သိရသည်။

 

 

ကယားပြည်နယ်ကို လွန်ခဲ့သော ၃ သုံးကာ ပထမအကြိမ်ရောက်ရှိခဲ့ပြီး ယခုဆိုရင် ကယားပြည် နယ်ဟာများစွာဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရှိရေကြောင်း၊ ကယားပြည်နယ်ရဲ့ သဘာဝအလှအပတွေ၊ တောတောင်အလှရှုခင်းတွေကို အရမ်းသဘောကျကြောင်း ဒိုက်ဦးမြို့နယ် သမဝါယမအသင်းမှ ဒေါ်မာလာ သိန်း က ပြောကြားသည်။

 

 

 

 ကယားပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူများအနေဖြင့် ကယားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ရိုးရာဝတ်စား ဆင်ယင် မှုများ သဘာဝအရင်းအမြစ်၊ တောတောင်အလှတွေကို လေ့လာသိရှိနိုင်ရန်အတွက် လာရောက်လည် ပတ်သင့် သည့် ပြည်နယ်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

 

 

ဒီးမော့ဆိုမြို့နယ်တွင် သွားရောက်လည်ပတ်စရာနေရာ အများအပြားရှိပြီး ခရီးသွားပြည်သူများ သာယာကြည်နူးဖွယ်၊ စိတ်ကျေနပ်မှု ရရှိစေရန်အတွက် အနားယူအပန်းဖြေရန် နေရာများကို စိတ်ဝင်စားစွာ ဆောင်ရွက်လျက်ရှိသည့်အပြင် ကယားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ရိုးရာဝတ်စား ဆင်ယင်မှုများကို လေ့လာသိရှိနိုင်ရန်အတွက် တနီးလားလဲ၊ ပန်ပက်နှင့် ဒေါတမကြီးကျေးရွာ တို့တွင် လူထု အခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

 

(MDN)