ဓနုဖြူမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဓနုဖြူ  မေ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက(၂)ဓနုဖြူ၊ ပညာ့ဗိမာန်ခန်းမတွင် မေ ၂၈ ရက် နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်က အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်က ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ ပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်စု ခေါင်းဆောင်များက လက်ခံရယူကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှဌေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)