ဓနုဖြူမြို့နယ်၌ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ဓနုဖြူ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂-ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို မေလ(၁၉)ရက်နေ့မှ စတင်၍ ထုတ်ချေးပေး လျက်ရှိသည်။

မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးရာတွင် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာအုပ်စုမှ တောင်သူ(၄၂)ဦး၏ စပါးစိုက်ဧက (၂၇၂)ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ချေးငွေကျပ်(၄၀၈၀၀၀၀၀) ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား စိုက်ပျိုး စရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

အေးအေးအောင် (ပြန်/ဆက်)