ရန်ကုန် မတ် ၂၂

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန် ဦးစီးဌာနမှူးရုံးတွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင် စနစ်(CEIR)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။

 

ဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်နန္ဒာဝင်းက ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် ဆိုင်ရာနှင့်ပတ်သက်ပြီး ပြည်သူများ ပိုမိုသိရှိနိုင်စေရေး အသိပညာပေး ဟောပြောသည်။

 

ထို့နောက် တက်ရောက်လာကြသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

သန်းသန်းအေး(ဒဂုံတောင်)