ရန်ကုန် ၈ ဇူလိုင်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အမှတ် ၁၃၃ ရပ်ကွက်အမှတ် ၁၃၄ ရပ်ကွက်အမှတ် ၁၃၆ ရပ်ကွက် လမ်းဘေးဝဲယာ တလျှောက်ရှိ ဗိုလ်မှူးဘထူးလမ်းနှင့် အ-ထ-က ၅ ကျောင်းရှေ့ နဝဒေးလမ်း ဟံသာဝတီ လမ်းတလျှောက်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အရိပ်ရသစ်ပင် အမျိုးပေါင်း ၇၀ဝ စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


