ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပျားတူကောင်ကိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်   ၁၀   ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဇွန် ၈ ရက်နေ့ ညနေ ၅ နာရီခန့်က (၃၂)ရပ်ကွက် မြခင်းသာလမ်းနှင့် ဦးကြင်ဥလမ်းထောင့်တွင် ပျားတူကောင်များကိုက်၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂)ရပ်ကွက် ဦးကြင်ဥ(၃)လမ်း၊ အိမ်အမှတ် (၉၀၄)နေ ဒေါ်အေးအေးသန်းသည် မြခင်းသာလမ်းနှင့် ဦးကြင်ဥလမ်းထောင့်သို့ ဖြတ်သွားစဉ် ကလေးများမှ လမ်းထောင့်ရှိ ကုက္ကိုလ်ပင်အခေါင်းအတွင်းရှိ ပျားတူအုံအား ခဲဖြင့်ပစ်ပေါက်ထွက် ပြေးသောကြောင့် လမ်းလျှောက်လာသော ဒေါ်အေးအေးသန်းနှင့် ကလေးတစ်ဦးအား ကိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ 

 

ဒေါ်အေးအေးသန်းမှာ မျက်နှာနှင့် ခြေထောက်တို့တွင် ပျားတူကောင်များ အကိုက်ခံရပြီး အိမ်ပြန်သွားကာ ပျားတူကောင်ကိုက်သည့် နေရာများအား ထွန်းရွှေဝါဆေးလူးခဲ့ကြောင်း၊ ဇွန် ၉ ရက်နေ့ညနေ ၅ နာရီခွဲခန့်တွင် ဒေါ်အေးအေးသန်းမှာ သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ပျားတူအုံအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် ရပ်ကွက်နေ ပြည်သူများမှ ညတွင်းချင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG-99