ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဇန်နဝါရီ ၁၉

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၆၃) ရပ်ကွက်၊ ရွှေတောင်ကြားလမ်းနှင့် ရွှေတောင်ကြား () လမ်းထောင့်ရှိ အမှတ် (၉၂၇) အိမ်တွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုအား ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးကိုကိုကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဉ် ငါးစီး၊ ကွပ်ကဲမှုယာဉ် တစ်စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၀၄ ဦး၊ အရန်တပ်ဖွဲ့ဝင် ၄၆ ဦး စုစုပေါင်း အင်အား ၁၅၀ ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

 

မီးလောင်မှုကြောင့် အဆောက်အအုံ ဆုံးရှုံးမှုတန်ဖိုး ရှစ်သိန်းနှင့် အတွင်းပစ္စည်း ဆုံးရှုံးမှုတန်ဖိုး သုံးသိန်း စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ သိန်းရှိပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းလျက်ရှိပြီး အမှုဖွင့်လှစ်နိုင်ရေး စုံစမ်းဆဲဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

သန်းသန်းအေး