mdn

ဒေးဒရဲ   မတ်   ၈

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၁၁ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဒေးဒရဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထ(၁)၊ အထက(တော်ကမယ်)၊ အထက(နောက်ပြန်တိုး)နှင့် အထက(ကျုံဒါး)  စာစစ်ဌာန လေးခုတို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)နှင့် အတွဲ(၇) ဘာသာရပ်များကို ကျောင်းတွင်းဖြေ ၇၁၇ ဦးနှင့် ပြင်ပဖြေ ၂၉၄ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေဒေးသူ