အောက်တိုဘာ ၂
စပိန်နိုင်ငံ အနောက်တောင်ပိုင်းရှိ နိုက်ကလပ်တစ်ခုတွင် ယမန်နေ့မနက်စောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါမီးလောင်မှုသည် မာစီရာမြို့ ဆင်ခြေဖုံးရှိ Teatre နိုက်ကလပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမီးလောင်မှုကြောင့် အသက် ၂၂ နှင့် ၂၅ နှစ်အရွယ်အမျိုးသမီးနှစ်ဦးနှင့် အသက် ၄၁ နှင့် ၄၅ နှစ်အရွယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ဖော်ပြထားသည်။
နိုက်ကလပ်၏ပထမထပ်တွင် ဒေသစံတော်ချိန် ၆ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာတွင် မီးသတ်သမား ၄၀ ဖြင့် မီးငြှိမ်းသတ်မှုလုပ်ဆောင်လျက်ရှိပြီး မီးလောင်ကျွမ်းသွားသောမျက်နှာကျက်ပြိုကျမှုဖြစ်ပွားသည့်နေရာအောက်တွင် ထိခိုက်ဒဏ်ရာရသူ ပိုမိုများပြားလာနိုင် ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို