စဉ့်ကူး ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအတွက် Placement Test စာမေးပွဲကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီ မှစတင်၍ စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာမေးပွဲများ ကျင်းပလျက်ရှိရာသို့ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့က လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် အထက-စဉ့်ကူး၊ အထက-လက်ပန်လှ၊ အထက-ကျည်တောက်ပေါက်၊ အထက-နွယ်ရုံ၊ အထက-ထုံးကြီး၊ အထက-ရွှေပြည်၊ အထက-ဆည်သည်၊ အထက(ခွဲ)- ညောင်ဝန်း၊ မူလွန်-ရွှေကူကြီး စုစုပေါင်းစာစစ်ဌာန ကိုးခုတို့တွင် စာမေးပွဲများ ကျင်းပလျက်ရှိပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၈၀၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)


