စံချိန်သစ်တင်လိုက်တဲ့ THE LAST EMPRESS

၃၁ ဒီဇင်ဘာ

 

လတ်တလောထုတ်လွှင့်ပြသလျက်ရှိတဲ့ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ “ The Last Empress” ဟာ လတ်တလောမှာတော့ ကြည့်ရှုသူပရိသတ် များပြားလာခဲ့ပြီး စတင်ပြသချိန်မှ လက်ရှိအချိန်အထိ ပရိသတ်အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။

 

နယ်လ်ဆန်ကိုရီးယားရဲ့ အချက်အလက်တွေအရ SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိတဲ့ အဆိုပါရုပ်သံဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ကြည့်ရှုသူပရိသတ် ၁ ဒသမ ၂ နဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပြီး ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်