နေပြည်တော် ၁၇ အောက်တိုဘာ
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းမှာ ပြည်ပနိုင်ငံတွေကို တရားဝင် သွားရောက် လုပ်ကိုင်သူ ၁၇၀ဝဝ ကျော်နဲ့ ပြည်တွင်းက အလုပ်တွေမှာ နေရာ ၁၆၀ဝဝ ကျော် ရှာဖွေပေးနိုင်ခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုနယ်မြေ တစ်ခုလုံးမှာရှိတဲ့ အစိုးရဌာနတွေမှာ ၁၁၆၆ နေရာနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ၁၅၂၉၅ နေရာရှာဖွေ ပေးနိုင်ခဲ့တာကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် ၁၆၄၆၁ နေရာကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
ပြည်ထောင်စုနယ်မြေမှာ ၁၄၆ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၁၀၉၅၇ နေရာ၊ ဧရာဝတီတိုင်း ဒေသကြီးမှာ ၃၆၉ နေရာ၊ ပဲခူးတိုင်းဒေသကြီးမှာ ၁၅၆၃ နေရာ၊ မန္တလေးတိုင်းဒေသကြီးမှာ ၁၂၃၁ နေရာ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၃၇၇ နေရာ၊ မကွေးတိုင်းဒေသကြီးမှာ ၄၆၉ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၂၅၃ နေရာကို ပုဂ္ဂလိကနဲ့ အစိုးရကဏ္ဍတွေမှာ ရှာဖွေပေးနိုင်ခဲ့သလို ကချင်ပြည်နယ်မှာ ၁၂၃ နေရာ၊ ကယားပြည်နယ်မှာ ၁၄ နေရာ၊ ကရင်ပြည်နယ်မှာ ၅၉ နေရာ၊ မွန်ပြည်နယ်မှာ ၅၀၂ နေရာ၊ ရခိုင်ပြည်နယ်မှာ ၁၃၃ နေရာနဲ့ ရှမ်းပြည်နယ်မှာ ၂၁၁ နေရာအဖြစ် အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ အလုပ်အကိုင်နေရာတွေ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်အတွက်တော့ အစိုးရဌာနတွေမှာသာ အလုပ်အကိုင် ၄၄ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အနေနဲ့ လူဦးရေ ၁၇၁၄၃ ယောက်ကို စေလွှတ်နိုင်ခဲ့ပြီး မလေးရှားကို ၂၆၇ ဦး၊ စင်ကာပူ ၁၇ ဦး၊ ကိုရီးယားကို ၆၉၂ ဦး၊ ထိုင်းကို ၁၅၈၀၅ ဦး၊ ဂျပန်ကို ၃၄၆ ဦး၊ ယူအေအီးကို ရှစ်ဦး၊ ကာတာကို ခုနစ်ဦးနဲ့ မကာအိုကို တစ်ဦး စေလွှတ်ခဲ့ပါတယ်။
MDN