နေပြည်တော် မတ် ၂၅

 

MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ တာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်တွင် စက်မှုနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် အရေးကြီးသည့် မရှိမဖြစ် ကဏ္ဍတစ်ရပ် ဖြစ်လာကြောင်း၊ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေဟူ၍ မူပိုင်ခွင့်ဥပဒေ()ရပ် အောင်မြင်စွာပေါ်ထွက် လာခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဥပဒေ များနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်း ဆွေးနွေးပြီး မိမိတို့၏ကုန်ထုတ် လုပ်ငန်းများ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိအောင် လုပ်ဆောင်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက MSME များအတွက် မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ၊ MSME ထုတ်ကုန်များနှင့် စပ်လျဉ်းသော စံချိန်စံညွှန်းဆိုင်ရာ သိကောင်းစရာများ၊ MSME များအတွက် FDA လက်မှတ် လျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များ၊ Digital အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။

 

ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)