ဆယ်ကျော်သက်အရွယ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အရေးတက်ကြွ လှုပ်ရှားသူ ဂရက်တာ သန်းဘက်ခ် က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြစ်တင်ပြောဆို

၂၄ စက်တင်ဘာ


ဆွီဒင်နိုင်ငံသား ဆယ်ကျော်သက်အရွယ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အရေးတက်ကြွ လှုပ်ရှားသူ ဂရက်တာ သန်းဘက်ခ် က ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ  ကမ္ဘာ့ခေါင်းဆောင်တွေ သူတို့မျိုးဆက်ကို သစ္စာဖောက်တယ်။ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု လျှော့ချဖို့ ပျက်ကွက်တယ်ဆိုပြီး မနေ့က ပြစ်တင်ပြောဆို လိုက်ပါတယ်။ 


အသက် ၁၆ နှစ်အရွယ် ဆွီဒင်နိုင်ငံသူက “သူဟာ စာသင်ခန်းထဲမှာ ရှိနေရမှာ ဒီဆွေးနွေးပွဲရှိနေစရာမရှိ။ နိုင်ငံ့ခေါင်းဆောင်တွေဟာ သူ့ရဲ့ အိပ်မက်နဲ့ ကလေးဘဝကို ခိုးယူသူဖြစ်တယ်။ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကလေးငယ်တွေက စောင့်ကြည့်နေတယ်”လို့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုလိုက်ပါတယ်။ 


အဲဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အသက်ရှစ်နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးငယ်ပေါင်း ၁၆ ဦးက နိုင်ငံ ငါး နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက လက်မှတ်ရေးထိုးထားတဲ့  ကလေးငယ် အခွင့်အရေးအဖြစ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကို ကာကွယ်ဖို့ ပျက်ကွက်လို့ ပြစ်တင်ပြောဆို လိုက်ပါတယ်။ 


ကုလသမဂ္ဂရဲ့ အတွင်းရေးမှူး ဂူတာရပ်စ်ကလည်း ရာသီဥတု ပြောင်းလဲမှုကို လက်တွေ့ဆောင်ရွက်ဖို့အတွက် အချိန်ကျနေပြီ၊ သိပ်နောက်မကျခင် လုပ်ဆောင်ကြဖို့ ဆော်သြလိုက်ပါတယ်။
 

ဂျာမန်ချန်ဆယ်လာ အင်ဂျယ်လာ မာကယ်လ်က ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရန် အမေရိကန် ဒေါ်လာ ၅၅ သန်း အသုံးပြုထားမယ်လို့ ပြောဆိုသလို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကလည်း ငါးနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၁၄.၄ သန်းကို သုးစွဲမယ်လို့ ကတိပေးသွားကြပါတယ်။ 


ကမ္ဘာကြီး ညစ်ညမ်းမှု အများဆုံး လုပ်ဆောင်တဲ့ အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက သဘောတူညီချက်မှာ မပါဝင်တာကို တွေ့ရပါတယ်။ 


ဆွေးနွေးပွဲ မတိုင်ခင် ၂၀၅၀ ခုနှစ် အရောက်မှာ ကာဗွန်ထုတ်လုပ်မှု လုံးဝလျော့ချရေးအတွက် နိုင်ငံပေါင်း ၆၆ နိုင်ငံက ကတိပေးပြောကြားပါတယ်။ သစ်ပင်ပေါင်း ၁၁ ဘီလီယံကျော်ကို နိုင်ငံပေါင်းစုံက စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။


ကမ္ဘာတဝန်းမှာ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးရေးအတွက် စက်တင်ဘာလ ၂၀ -၂၇ ရက်အထိ သီတင်းတစ်ပတ်ကြာ ကလေး/လူငယ် အများစုက ဦးဆောင်ပြီး ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။


MDN
ကိုးကား - AFP