ဆူဒန်သမ္မတ ဆီးရီးယားသို့ အလည်အပတ်သွားရောက်

ဆူဒန်သမ္မတမှာ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနိုင်ငံသို့သွားရောက်လည် တ်သည့် ပထမဆုံးသော အာရပ်အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်လာခဲ့သည်။


တနင်္ဂနွေနေ့က ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှားကို ဆီးရီးယားနိုင်ငံမြို့တော် ဒမ္မာစကတ်ရှိ လေဆိပ်တစ်ခုတွင် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များကြား အစည်းအဝေးတစ်ခုတွင် အိုမာက ဆီးရီးယားနိုင်ငံကို ထောက်ခံသည်ဟု ပြောကြားခဲ့ကြောင်း ဆီးရီးယားအစိုးရက ပြောကြားသည်။

ခရီးစဉ်အတွက် အိုမာကို ကျေးဇူးတင်ရှိကြောင်း၊ ပြည်တွင်းစစ်မစတင်မီရှိခဲ့သည့် နှစ်နိုင်ငံကြားဆက်ဆံရေးကို နဂိုအခြေအနေပြန်လည်ရောက်ရှိရေး အရှိန်အဟုန်ဖြင့် လုပ်ဆောင်မည်ဟု အာဆတ်က ပြောကြားခဲ့ကြောင်း ဆီးရီးယားအစိုးရက ဆိုသည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် အာဆတ်အစိုးရက ဖိနှိပ်မှုပြုလုပ်ခြင်းကြောင့် အာရပ်အဖွဲ့ချုပ်က ဆီးရီး ယားနိုင်ငံကို အဖွဲ့မှထုတ်ပယ်ခဲ့သည်။ 

သို့သော်လည်း လက်တွေ့ကျသောဖြေရှင်းနည်းတစ်ရပ် ရှာဖွေသင့်ကြောင်း၊ ပြည်တွင်းစစ်အတွင်း သမ္မတအာဆတ်အစိုးရ၏ အဓိကကျသောရပ်တည်ချက်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အာရပ်နိုင်ငံများက ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်