ဆင်ပေါင်ဝဲ   မတ်   ၆

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ခြောက်လာတာကာလတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သာစည်ကျေးရွာ၌ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် သောက်သုံးရေ ဖူလုံစွာ ရရှိရေးလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း  အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၆ ဒသမ ၆၅၅ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့  စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ ဆိုလာပြားများနှင့် ဆိုလာပန့် တပ်ဆင်ခြင်း လုပ်ငန်းများကို  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Pro Engineering ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး၏ ပြောပြချက်အရ သိရသည်။

 

mdn

 

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၂၅ အိမ်၊ လူဦးရေ ၁၄၃၇ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက်  နွေရာသီကာလ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီဖြစ်ကြောင်း၊ ဆိုလာနစ်ဖြင့် ဆောင်ရွက်နိုင်ခြင်းကြောင့် ဒီဇယ်ဆီဖိုး ကုန်ကျမှုများမရှိသဖြင့် ကုန်ကျစရိတ်များစွာ သက်သာသွားပြီဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)