ဆိုလာပြားအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွား

ညောင်ရွှေ  ၈ ဇွန်    

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ စိုက်ပျိုးကျေးရွာ၌ ဇွန် ၈ ရက် နံနက် ၁၀ နာရီခွဲခန့်က ဆိုလာပြားမီးအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စိုက်ပျိုးကျေးရွာ၊ ပအိုဝ်းကုန်အကွက်()၌နေထိုင်သူ ဦးတင့်သည် နေအိမ်အောက်ထပ်တွင် ဆိုလာပြားမီးအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး နေအိပ်အောက်ထပ်ရှိ ပြောင်းဖူးရိုးများ စတင်လောင်ကျွမ်းပြီး နေအိမ်အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုအား ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဖြိုးမင်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်()စီး၊ မြို့မရဲစခန်းမှူး ဒုရဲမှူးအေးကို ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် ဦးတင့်ပိုင်ဆိုင်သည့် အလျား(၃၀)ပေ၊ အနံ(၂၀)ပေရှိ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း ခြေတံရှည်အိမ် ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း၊ မီးပေါ့ဆစွာအသုံးပြုသူ ဦးတင့်အား ညောင်ရွှေမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ