ဆီးရီးယား နယ်စပ်အနီး တူရကီ လေပိုင်နက် ချိုးဖောက်သည့် ဒရုန်းယာဉ်ကို တူရကီတို့ ပစ်ချ

၃၀ စက်တင်ဘာ

 

 

ဆီးရီးယားနယ်စပ်အနီး တူရကီလေပိုင်နက်ကို ခြောက်ကြိမ်မြောက် ချိုးဖောက်သည့် ဒရုန်းယာဉ်ကို  တူရကီစစ်တပ် က ယမန်နေ့က ပစ်ချခဲ့သည်ဟု တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

တူရကီ အက်ဖ်- ၁၆ ဂျက် တိုက်လေယာဉ် နှစ်စီးသည် တူရကီ လေပိုင်နက်ကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့သည့် ဒရုန်းယာဉ်ကို ရှာတွေ့ခဲ့ကြသည်။

 

 

သို့သော်လည်း ထိုဒရုန်းယာဉ်မှာ မည်သည့်နိုင်ငံက ပိုင်ဆိုင်သည်ကို ချက်ချင်းဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

 

တူရကီ တောင်ဘက်ခြမ်း ကီလစ်ပြည်နယ်နှင့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး၏ အဓိက စစ်ဆင်ရေးတွင် ယင်းကဲ့သို့ ချိုးဖောက်မှုကို တွေ့ရှိခဲ့ကာ စစ်တပ်အခြေစိုက် စခန်းနှင့် ယာယီခိုလှုံရေး စခန်း အကြား ကီလစ်ပြည်နယ်တွင် ပျက်စီးသွားသော ဒရုန်းယာဉ်ကို တွေ့ရှိခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

 

 

ယူဖရေးတီးမြစ်၏ အရှေ့ဘက်တွင် စစ်ပွဲပြင်းထန်မှု လျော့ရေးဇုန်တစ်ခု တည်ထောင်ရန် အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံတို့ ဆွေးနွေးပွဲများ ကျင်းပနေသည်ဟု သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို