ဆီးချိုကိုယ်ဝန်ကြောင့်အော်တစ်ဆင်ရောဂါဖြစ်လာနိုင်လား

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

ကိုယ်ဝန်ဆောင်နေချိန်ကိုယ်ဝန်ဆီးချိုတက်တာက ကိုယ်ဝန်ဆောင်တော်တော်များများမှာ ဖြစ်ပါတယ်။ ဒါက မိခင်ကို ကျန်းမာရေးထိခိုက်စေရုံသာမက ဗိုက်ထဲက ကလေးငယ်ကိုပါ အထီးကျန်စိတ်ဝေဒနာဖြစ်စေပါတယ်။

 

Johns Hopkins University ရဲ့လေ့လာမှုတွေအရ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်သက် ၂၆ ပတ်မရှိခင် ကိုယ်ဝန်ဆီးချိုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်မိခင်တွေထက် ၆၃ % ပိုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အထီးကျန်စိတ်ဝေဒနာရှိတဲ့ ကလေးမွေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်သက်မရင့်ခင် ကိုယ်ဝန်ဆီးချိုဖြစ်ခြင်းက အထီးကျန်စိတ်ဝေဒနာကလေးမွေးနိုင်ချေကို မမြင့်စေဘူးဆိုပေမယ့် ဆက်နွယ်နေတယ်လို့တော့ဆိုပါတယ်။

 

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Kaiser Permanente ဆေးပညာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် Anny Xiang က ဒီလိုသွေးချိုတက်တာက ကလေးတွေရဲ့ ဦးနှောက်ကိုမူမမှန်စွာ ဖွံ့ဖြိုးစေပြီး ပြောဆိုဆက်ဆံရခက်ခဲ့ခြင်း၊ သူတို့ရဲ့ အမူအကျင့်တွေကို ထိန်းချုပ်ရခက်ခြင်းနဲ့ တခြားကျန်းမာရေးရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။

 

ဒါက ကလေးပေါင်း ၃၂၀ဝ၀ဝ ဆီက သေချာလေ့လာထားတာပါ။ ဒီလိုဖြစ်ရတာရဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိကြပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေပြောကြားချက်အရ ကိုယ်ဝန်သက်အစောပိုင်းကကလေး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးအချိန်ပါတဲ့။

 

ဗိုက်ထဲက ကလေးက ဦးနှောက်ဖွံ့ဖြိုးချိန်မှာ သွေးချိုမြင့်ခဲ့ရင် သူတို့မွေးဖွားပြီးနောက် သူတို့အမူအကျင့်တွေ ပြောင်းလဲနိုင်ပါတယ်။ ပညာရှင်တွေက ကိုယ်ဝန်ဆီးချိုက ကလေးငယ်တွေရဲ့ ဦးနှောင့် autoantibodies တွေနဲ့ anti fetal blood တွေ အရေအတွက်ကို သာမန်အမျိုးသမီးတွေထက် ၃ ဆပိုကွများပါတယ်။

 

MIND Institute ရဲ့လေ့လာမှုအရ အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေရဲ့ ၂၃ ရာခိုင်နှုန်းမှာ auto antibodies တွေရှိတာတွေ့ရပါတယ်။ မိခင်ရဲ့သွေးထဲမှာ ဒီ antibodies တွေရှိခြင်းက ကလေးငယ်မှာ အထီးကျန်စိတ်ဝေဒနာရောဂါရှိမရှိ သတ်မှတ်နိုင်ပါတယ်။

 

ရှာဖွေတွေ့ရှိမှုတွေအရ လေ့လာသူတွေဟာ အနာဂတ်မိခင်လောင်းတွေအနေနဲ့ ကောင်းမွန်တဲ့နေထိုင်မှုပုံစံနဲ့ သင့်တင့်မျှတတဲ့ အစားအစာတွေကိုစားပြီး သွေးချိုဆီးချိုကို ကြိုထိန်းသင့်တယ်လို့ အကြံပေးထားပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်လည်း မိခင်ဟာ ကိုယ်အလေးချိန်ထိန်းသင့်ပါတယ်။ ကိုယ်ဝန်သက် အလယ်နားလောက်ရောက်ရင် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ တစ်ပတ်ကို 500 gr အထက် အလေးချိန်မပိုရပါဘူး။

 

အစားအသောက်တွေ လေ့ကျင့်ခန်းတွေ မျှမျှတတလုပ်ပေမယ့်လည်း ကိုယ်အလေးချိန်မကျဘူးဆိုရင်တော့ ဆရာဝန်တွေ အထူးကုတွေဆီသွားသင့်ပါတယ်။ အများကြီးမစားပါနဲ့၊ နည်းနည်းချင်း အကြိမ်ရေများများခွဲစားပါ၊ အချိန်မှန်စားပါ၊ ပမာဏမှန်မှန်နဲ့ သင့်တော်စွာစားပါ။

 

သကြားပါတဲ့ အစားအစာစားသောက်မှုကိုလည်း ကန့်သတ်ပါ။ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ကိုယ်ဝန်ဆောင်တာက ဆရာဝန်က နားနားနေနေနေပါလို့ မပြောသရွေ့ လှုပ်ရှားမှုအားလုံးကို ရပ်လိုက်ရမယ်လို့မဆိုပါဘူး။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_39.jpg