ဆေးဖက်ဝင်ပန်းသီး

၂၅ ဧပြီ

 

“အစာလည်းဆေး၊ ဆေးလည်းအစာ”ဟူသောစကားနှင့်အညီ မိမိတို့စားသောက်နေသည့် အစားအစာများမှ ဆေးဖက်အသုံးလည်းဝင်ကြောင်းကို လေ့လာမှတ်သားခဲ့ရပါသည်။ စာရေးသူတင်ပြလိုသည်မှာ အများသူငါ စားသုံးနေသော ပန်းသီးမှ ဆေးဖက်အသုံးဝင်နေကြောင်း ရေးသားလိုပါသည်။

 

လွန်စွာသင့်တော်

 

ပန်းသီး၌ ပရိုတိန်း၊ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ မီးစုန်းဓာတ်၊သကြားဓာတ်(ဂလူးကိုစ်) ၊ ပိုတက်ဆီယမ်နှင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ်များပါဝင်သည်ဟု လေ့လာသိရှိရပါသည်။ နှလုံးရောဂါဝေဒနာရှင်များအတွက် ပန်းသီးကိုစားသုံးခြင်းဖြင့် လွန်စွာသင့်တော်ပေသည်။

 

 ဦးနှောက်ကိုကြည်လင် အားကောင်းစေ

 

ပန်းသီးကို အမြဲစားသုံးခြင်းဖြင့် သွားနှင့်သွားဖုံးတို့၌ရှိသော ပိုးတို့ကို သေကျေပျက်စီးစေနိုင်သည်။ ပန်းသီးသည်ကောင်းမွန်သောအရသာရှိ၏။ အေး၏။ သလိပ်ကိုပွားစေနိုင်သည်။ လူကို ဝဖြိုးစေနိုင်သည်။ ခွန်အားနှင့် သုက်ဓာတ်ကိုပွားများစေသည်။ ဦးနှောက်ကိုကြည်လင် အားကောင်းစေသည်။ဦးနှောက်နှင့် အာရုံကြောများအတွက် အမြဲစားသုံးခြင်းဖြင့်သင့်တော်သည်။

 

ထို့အပြင် အချဉ်ဓာတ်ရှိသော ပန်းသီးကိုစားသုံးခြင်းကြောင့် အသည်းကြီးရောဂါ၊ သရက်ရွက်ကြီးရောဂါ၊ အသည်းဝါခြင်းနှင့် သည်းခြေ ရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။ ထို့ကြောင့် ရှေးပညာရှိများက အဆိုရှိခဲ့သည်မှာ “ပန်းသီးတစ်လုံးကျ နေ့စဉ်စားပေးပါက ဆေးဆရာအိမ်ပင့်စရာမလို”ဟူသော စကားကို မှတ်သားဖူးခဲ့သည်။ ထို့အပြင် ဖျာပုံသိန်းသန်းအောင်ဆေးဖက်ဝင် ပန်းသီးပန်းသီး၏ ဆေးဖက်အသုံးဝင်ပုံကိုလည်း အောက်ပါအတိုင်းလေ့လာမှတ်သားရသည်။

 

ဝေဒနာသက်သာပျောက်ကင်းစေနိုင်

 

မျက်စိနာလျှင် ပန်းသီးအစိမ်းကိုကြိတ်၍ မျက်ခွံများပေါ်လိမ်းကျံပေးပါက သည်းခြေကြောင့်ဖြစ်သော မျက်စိနာခြင်းကိုသက်သာပျောက်ကင်းစေပါသည်။ သည်းခြေရူးရောဂါဖြစ်လျှင်ပန်းသီးကို ရှာလပတ်ရည်ဖျော်ပြုပြီး ယင်းထဲသို့ မြင်းခွာရွက်သတ္တုရည်ရောစပ်၍ သောက်ပါက သည်းခြေရူးရောဂါကို ပျောက်ကင်းစေပါသည်။ ကင်းကိုက်လျှင် ပန်းသီးသတ္တုရည် တစ်ကျပ်သားအတွင်းသို့ ပရုတ်အနည်းငယ်ထည့်၍ နာရီဝက်ခြားတိုက်ပေးပါကကင်းဆိပ်မုချကျဆင်းပြီး သက်သာစေနိုင်ပါသည်။ ကျောက်ကပ်ရောဂါဖြစ်လျှင် ပန်းသီးကို တစ်နေ့နှစ်လုံးကျ ပုံမှန်စားပေးခြင်းဖြင့်ကျောက်ကပ်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါသည်။သွေးဝမ်းရောဂါဖြစ်လျှင် ပန်းသီးကို ရှာလပတ်ရည်ပြုပြီး သောက်ပေးပါက သွေးဝမ်းရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါသည်။နှလုံးတုန်၊ ရင်ခုန်လျှင် လတ်ဆတ်သောပန်းသီးကို ယိုထိုးပြီးစားပေးပါက နှလုံးတုန်ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အိပ်မပျော်ရောဂါဖြစ်လျှင် ချိုမြိန်သော ပန်းသီးတစ်လုံးကိုယိုထိုး၍ မအိပ်မီစားပေးရမည်။ ထို့နောက် နွားနို့ပူပူတစ်ခွက်ကိုသောက်ခြင်းဖြင့် ရောဂါကင်းပြီး နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါသည်။ အဆစ်အမျက်များကိုက်လျှင် ပန်းသီးကို ဓားနှင့်ထက်ခြမ်း စိတ်၍(အပေါ်ခွံကိုမခွာရပါ) ပုံမှန်စားပေးခြင်းဖြင့် အဆစ်အမျက်များကိုက်ခဲ့သော ဝေဒနာသက်သာပျောက်ကင်းစေနိုင်ပါသည်။

 

မိမိတို့နေ့စဉ် တွေ့ မြင်စားသောက်နေရသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများမှာ အစာလည်းဖြစ်၊ ဆေးတစ်မည်လည်းဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။

ဖျာပုံသိန်းသန်းအောင်