ဆေးကုသဖို့ ပြည်ပခရီးထွက်တဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးများ

၇  အောက်တိုဘာ

 

ပြည်ပခရီးသွားတယ်ဆိုတာ အများအားဖြင့်တော့ အလည်အပတ်ခရီး ဒါမှမဟုတ် အလုပ်ကိစ္စနဲ့ပဲ များကြပေမယ့် ခုနောက်ပိုင်းတော့ ဆေးကုသမှုအတွက်ပါ ရည်ရွယ်လာကြပါတယ်။ အလှအပအတွက် ပြုပြင်ခွဲစိတ်မှုတွေ၊ ခွဲစိတ်ကုသမှုတွေ၊ ကျန်းမာရေးစစ်ဆေးမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှုတွေ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ပြည်ပမှာသွားရောက်ကုသလာကြပါတယ်။

 

ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ပြည်ပမှာဆေးသွားကုတော့မယ်ဆိုရင် ဒီအချက်တွေကို အရင်ဆုံး ထည့်စဉ်းစားသင့်တယ်နော်။

 

(၁) ကြိုတင်လေ့လာစုံစမ်းပါ

 

 

ကိုယ့်လုပ်မယ့်ကုသမှုအတွက် ကုန်ကျနိုင်မယ့်ပမာဏကို နီးစပ်ရာကနေ စုံစမ်းပါ။ ဆေးရုံဝန်ဆောင်မှုစင်တာတွေ၊ အွန်လိုင်းဝန်ဆောင်မှုတွေ၊ ကွန်ရက်တွေကို အလွယ်တကူ တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ရပါတယ်။ ဆေးကုသမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်၊ ဝန်ဆောင်မှု အနေအထား၊ လူကြိုက်များမှု၊ ဆေးရုံရဲ့နာမည်ဂုဏ်သတင်းတို့ကို စုံစမ်းလေ့လာပြီးရင် ခရီးစရိတ်နဲ့ နေရာထိုင်ခင်းတို့အတွက် စုံစမ်းပါ။ အားလုံးသုံးသပ်ပြီးတဲ့အခါ စုစုပေါင်းကုန်ကျစရိတ်ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက်သင့်ပါတယ်။

 

(၂) သွားရောက်ကုသဖို့ ကိုယ်နဲ့ ကိုက်ညီမယ့် နိုင်ငံကိုပဲ ရွေးချယ်ပါ

 

အပေါ်မှာပြောခဲ့သလို ကုန်ကျစရိတ်တွေ တွက်ချက်ပြီးပြီဆိုရင် ဘယ်နိုင်ငံမှာသွားကုတာ ကိုယ့်အတွက် အဆင်ပြေဆုံးလဲ နှိုင်းယှဉ်ကြည့်လို့ရပါပြီ။ ကိုယ့်ရဲ့ရောဂါ သို့မဟုတ် သွားရောက်ကုသမယ့် အကြောင်းရင်းအတွက် စိတ်ချရတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာပံ့ပိုးမှုပြည့်စုံတဲ့ အပြင် သွားရောက်ရလွယ်ကူ၊ စရိတ်လည်းတွက်ခြေကိုက်မယ့် နိုင်ငံကိုရွေးချယ်သင့်ပါတယ်။ ဥပမာ စင်ကာပူနဲ့ယှဉ်ရင် ထိုင်းနိုင်ငံကို သွားရောက်ကြတာမျိုး။

 

(၃) ကုသမှုအတွက် အရည်အသွေးစိတ်ချရဆုံးဆေးရုံကိုရွေးချယ်ပါ

 

ကိုယ့်ရဲ့ကုသမှုအတွက် ကျွမ်းကျင်ဆရာဝန်ကြီးတွေ၊ ခေတ်မီစက်ကိရိယာတွေနဲ့ ကုသနည်းတွေ စုံလင်တဲ့ ဆေးရုံကို စုံစမ်းရွေးချယ်ပါ။ ရနိုင်မယ့်ကုသမှု၊ဝန်ဆောင်မှုတွေနဲ့ ရွေးချယ်စရာတွေ အကြောင်းကို ကိုယ်လျာထားတဲ့ဆေးရုံ သို့မဟုတ် ကိုယ်စားလှယ်ရုံးခွဲနဲ့ ဆက်သွယ်ဆွေးနွေးပါ။ ဥပမာ ကိုယ်က ဒူးအစားထိုးခွဲစိတ်ကုသရမှာဆိုရင် အရိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ကုသမှုတွေအတွက် King of Bone  လို့တောင်တင်စားကြတဲ့ Vejthani Hospital (ဝေ့ဌာနီ)ဆေးရုံကြီးက အထူးစိတ်ချရပါတယ်။

 

(၄) ဗီဇာနဲ့ ပတ်စ်ပို့အတွက် လှုပ်ရှားပါ

 

ပြည်ပကိုသွားရမယ်ဆိုတာနဲ့ ဒီနှစ်မျိုးကအရေးကြီးတယ်ဆိုတာသိကြမှာပါ။ ကိုယ်ဆေးရုံရွေးချယ်ပြီးပြီ ဆိုရင် ဗီဇာလျှောက်ဖို့၊ ပတ်စ်ပို့ရှိထားဖို့ကို အရင်ကြိုးစားထားပါ။ သွားမယ့်ရက်မတိုင်ခင် အချိန်မီရနိုင်ဖို့ စောစောတည်းက ကြိုတင်စီစဉ်ထားတာကောင်းပါတယ်။ အခုနောက်ပိုင်းမှာတော့ အချို့နိုင်ငံတွေကို သွားရောက်ကုသဖို့အတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားတာမျိုးတွေရှိလို့ ကိုယ်သွားနိုင်မယ့်နိုင်ငံမှာ ဒီလိုမျိုးရရှိနိုင်လားအရင်စုံစမ်းပြီး လုပ်ဆောင်ပါ။ ဥပမာ ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် နှစ်ပတ် ဗီဇာကင်းလွတ်ခွင့်ရှိတာကြောင့် ကိုယ့်ရဲ့ကုသမှုက နှစ်ပတ်အောက်ပဲဆိုရင် ဗီဇာမလိုအပ်ပါဘူး။ ကိုယ့်ကုသမှုက ကြာရှည်မယ်ဆိုရင်တော့ ဗီဇာလျှောက်ထားတာတွေလုပ်ရမှာပါ။

 

(၅) တည်းခိုမယ့်နေရာကို ဆေးရုံနဲ့အနီးတဝိုက်မှာပဲ စုံစမ်းပါ

 

လူနာရှင်မိသားစုဝင်တွေတည်းခိုဖို့ နေရာကို ကုသမယ့်ဆေးရုံနဲ့အနီးမှာပဲ စုံစမ်းထားပါ။ တစ်ဖက်နိုင်ငံမှာ လူခံမရှိရင်တော့ စိတ်ချရတဲ့ဟိုတယ်ဖြစ်ဖြစ် တည်းခိုစရာတစ်ခုခုကို ကြိုတင်ချိတ်ဆက်ထားသင့်ပါတယ်။

 

(၆) ဆေးမှတ်တမ်းတွေကို သေချာစနစ်တကျသိမ်းဆည်းပြီး အပါယူလာဖို့ မမေ့ပါနဲ့

 

အရင်ကဆေးကုသမှုမှတ်တမ်းတွေ၊ ဆေးစစ်ချက်တွေနဲ့ လိုအပ်တဲ့ဆေးဝါးမှတ်တမ်းတွေကို ယူလာခဲ့ပါ။ လတ်တလောစစ်ဆေးထားတဲ့ CT စကင်န်ရလဒ်တွေလိုမျိုး မှတ်တမ်းတွေကို ဟိုရောက်မှ နောက်တစ်ကြိမ်ပြန်လုပ်ရရင် အချိန်ကုန်၊ ငွေကုန်ရပါလိမ့်မယ်။

 

(၇) အရပ်ပြောစကားတွေနဲ့ ယုံစားပြီး ဆေးရုံမရွေးချယ်ပါနဲ့

 

သူငယ်ချင်းတစ်ယောက်ကလေ ဟိုမှာကုတာကောင်းတယ်တဲ့ ဆိုတဲ့ မခိုင်မာတဲ့ အရင်းအမြစ်တွေဆီက သတင်းတွေ၊ ထင်မြင်ချက်တွေကို ယုံပြီး ပုံအပ်လိုက်တာထက် ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီက ကြားရတဲ့ ကောင်းသတင်းတွေ၊ တကယ့်လူနာတွေဆီက ထောက်ခံမှုတွေ၊ အဖွဲ့အစည်းတွေဆီက တရားဝင်အသိအမှတ်ပြုချက်တွေရရှိထားတဲ့ ဆေးရုံကိုပဲ ရွေးချယ်ပါ။

 

(၈) အလောတကြီး မလုပ်ပါနဲ့

 

အရေးပေါ်ကျန်းမာရေးအခြေအနေကလွဲရင် အရာရာကိုအလောတကြီးမလုပ်ပါနဲ့။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ စနစ်တကျနဲ့ကြိုတင်ပြင်ဆင်ပါ။ ကျန်းမာရေးဆိုတာ အလောင်းအစား လုပ်စရာ မဟုတ်တာမို့ အရွေးမှား၊ ဆုံးဖြတ်ချက်မှားရင် ဆုံးရှုံးနစ်နာမှုကမသေးပါဘူး။

 

ဒီလိုဆောင်ရန် ရှောင်ရန်တွေကို ဖတ်ရှုပြီးတဲ့နောက် ပြည်ပထွက်ဆေးကုသဖို့အတွက် အကောင်းဆုံး ဆေးရုံကို ရှာဖွေနေတယ်ဆိုရင် Vejthani (ဝေ့ဌာနီ) ဆေးရုံကြီးကို ရွေးချယ်နိုင်ပါတယ်။ ဝေ့ဌာနီဆေးရုံကြီးက နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ထိုင်းနိုင်ငံက ဆေးရုံကြီး ဖြစ်ပါတယ်။ ဒီမှာ မိသားစုဝင်တွေလို ဆွေးနွေးအကြံပြုချက်ပေးတဲ့ဝန်ဆောင်မှုမျိုး၊ စုံလင်တဲ့ခေတ်မီစက်ကိရိယာတွေ၊ နွေးထွေးပြည့်စုံပြီး အခက်အခဲမရှိလောက်အောင်ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်တဲ့အတွက် ပြည်ပထွက်ဆေးကုသမယ့်သူတွေအနေနဲ့ အကောင်းဆုံးရွေးချယ်နိုင်ပါတယ်။

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”