ဆော်ဒီနယ်စပ်ကို တိုက်ခိုက်သည့် ရုပ်သံဖိုင် ဟူသီအဖွဲ့ ထုတ်ပြန်

၃၀ စက်တင်ဘာ

 

 

ဆော်ဒီစစ်သားများ အပါအဝင် အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဆော်ဒီအာရေဗျ နယ်စပ် တိုက်ခိုက်မှု တစ်ရပ်နှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်ကို ယီမင်ရှိ အစိုးရဆန့်ကျင်ရေး တပ်ဖွဲ့များက ထုတ်လွှင့်ခဲ့သည်။

 

 

အီရန်နှင့် ဆော်ဒီအာရေဗျတို့ ကျောထောက်နောက်ခံပြုထားသည့် သမ္မတ အာဘာမန်ဆာ ဟန်ဒီ၏ အစိုးရ ဖြုတ်ချခံရပြီးနောက် သစ္စာခံသည့် တပ်ဖွဲ့များနှင့် ဟူသီနောက်ခံ သူပုန်များအကြား ယီမင်၌  ပြီးခဲ့သည့် လေးနှစ်အတွင်း ပဋိပက္ခများ ဖြစ်ပွားရာမှ အစပြုခဲ့ခြင်းဖြစ်သည်။

 

 

ဆော်ဒီအာရေဗျတောင်ပိုင်းနယ်စပ်အနီးတွင် စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့သည့် ဗီဒီယိုဖိုင်ကို တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့ကြောင်း ဟူသီပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

 

အဆိုပါ ဗီဒီယိုဖိုင်တွင် ဆော်ဒီစစ်တပ်မှ ဖမ်းဆီးရမိသူ တစ်ဉီးကို ထိန်းသိမ်းထားသည့် ဆော်ဒီစစ်သားနှင့် မော်တော်ယာဉ်များ လက်နက်များကို ပြသထားကြောင်း ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

 

 

ဟူသီအဖွဲ့ ပြောကြားချက်များကို အတည်ပြု မပြုနိုင်ကြောင်းနှင့် ဆော်ဒီအာရေဗျဘက်မှ မည်သည့်မှတ်ချက်မျိုးမှ မပေးကြောင်း ရိုက်တာသတင်းဌာနက ပြောကြားခဲ့သည်။

 

 

ဒေသအတွင်း၌ ပဋိပက္ခတင်းမာမှုများ ရှိနေကြောင်း အချက်ပြလိုက်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်