စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချ

စစ်တွေ အောက်တိုဘာ ၁၉

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်း၌ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

 

ထိုသို့ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အမဲသားနှင့် အသားစည်သွတ်ဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် Perfect King Trading ကုမ္ပဏီလီမိတက်ကလည်း စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။ စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ခြောက်ကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)