စစ်မှန်သည့်ချစ်ခြင်းတရားမှာ အလျော်အစားမပါဘူး ဆိုသည့် " အနမ်းဝိုင် "

နေပြည်တော် ၂၇ ဇန်နဝါရီ 

စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဝတ္ထုဇာတ်ညွှန်း ပုညခင်၊ ဒါရိုက်တာ အောင်မြတ် ရိုက်ကူးသည့် “အနမ်းဝိုင်”ရုပ်ရှင်ကို ဇန်နဝါရီလ ၂၇ ရက်နေ့က  သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွင်  စာနယ်ဇင်းမိတ်ဆက်အကြို အထူးပွဲပြသခဲ့သည်။  အနမ်းဝိုင် ရုပ်ရှင်ကားကြီးတွင်  အောင်ရဲလင်း၊  ဝတ်မှုံရွှေရည်၊  မင်းဦး၊  စိုးမြတ်သူဇာ၊ ဇော်ဦး၊  ကျော်ကျော်၊  မျိုးသန္တာထွန်း၊ ဝါဝါအောင်တို့မှ ပါဝင်သရုပ်ဆောင်ထားပြီး ချစ်ခြင်း မေတ္တာတွင် အလျော်အစားမရှိသလို  စိတ်ရင်းစေတနာတစ်ခုကို ငွေကြေးဖြင့် လဲလှယ်မရနိုင်ကြောင်းကို  ဖော်ကြူးထားသည့် မေတ္တာဖွဲ့ ဇာတ်ကားဖြစ်ပြီး  ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ပြသမည်ဖြစ်ကြောင်းသိရသည်။

mdn

ဒီရုပ်ရှင်ဇာတ်ကားက ဒရမ်မာ အချစ်ဇာတ်လမ်း အမျိုးအစားပါ၊ တကယ်အချစ်စစ် အချစ်မှန်တွေမှာ အလျော်အစား ဆိုတာမရှိဘူး၊ စိတ်ရင်းစေတနာနှင့်  ကိုယ့်ချစ်သူ၏ဘဝကို ငွေကြေး၊ ပစ္စည်းဥစ္စာနှင့် တန်ဖိုးဖြတ်မရသလို လဲလှယ် လို့မရပုံ၊  လူတစ်ယောက်ဟာ တကယ် အကူအညီ လိုအပ်နေသော  အချိန်မှာ  စေတနာနှင့် ကူညီခဲ့သည့်အခါ ပြန်ပြီး ကိုယ့်၏ ငွေကြေးဥစ္စာနှင့်ပုံအောပြီး ပြန်ဆပ်လည်း မကျေနိုင်ကြောင်း၊ ထိုလူ လိုအပ်သောအခါ ကျေးဇူးတရားကို ပြန်ဆပ်ရင်လည်း မေတ္တာ တရားနှင့်သာ ပြန်ဆပ်သင့်ကြောင်း၊  မိမိချစ်ခင်သူအပေါ် ရိုးသားမှုရှိရန်၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာက  ချစ်သူဘက်က  ရဲဝံ့စွာ ရပ်တည်နိုင်သူဖြစ်စေရန် ရည်ရွယ်ပြီး နောက်ဆုံးစစ်မှန်သော အချစ်တွေရှိကြသော ချစ်သူနှစ်ဦး မည်သို့ပင် ခွဲသော်လည်း ပေါင်းစည်းခဲ့ကြသည်ကို မြန်မာပြည်၏ သဘာဝအလှတရားများ နောက်ခံ ထားကာ ရိုက်ကူးပုံဖော်ထားကြောင်း သိရသည်။

ကိုလင်း