မုံရွာ ဇွန် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ အထူးကု ဆရာဝန်ကြီးများက မုံရွာမြို့နှင့် အနီးဝန်းကျင်ဒေသများမှ ပြည်သူများအား မုံရွာမြို့ အလုံရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား၊ မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်၊ အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့် ကလေးကျန်းမာရေး ဆိုင်ရာများကို အခမဲ့ကွင်းဆင်း ကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ဖြည့်ဆည်းပေါင်းစပ်ပေး

 

ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးကုသမှုလာရောက်ခံယူကြသည့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများအား နေ့လယ်စာ ထမင်းဘူးများ၊ အချိုရည်ဘူးများနှင့် သောက်သုံးရေသန့်များ ဝေငှပေးပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)