စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

 
၂ဝ၁၈ ခုနှစ် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
 
ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ကလေးခရိုင် အသင်းနှင့် ကသာခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါ ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင် (၁ဝ)ခုမှ အမျိုးသမီး ဘောလုံးအသင်း (၁ဝ)သင်းပါဝင်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက် မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
 
 
ဝင်းဦး(ဇေယျာတိုင်း)