စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်ရှိ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၂၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်စေရေးအတွက်  ကျောင်းပတ် ဝန်းကျင်နှင့် ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်ပတ်ဝန်းကျင်တို့ကို ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ပါမောက္ခ၊ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က မိတ်ဆုံစားပွဲအခမ်းအနား ကျင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင် ထံငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမ များ၊ ဝန်ထမ်းများနှင့် နေ့လယ်စာကို တစ်ပျော်တစ်ပါး အတူစားသုံးကာ မုံရွာတက္ကသိုလ်မှ ဆရာ/ဆရာမများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)