စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး  ကျွန်းလှမြို့ သဖန်းဆိပ်ဆည်တွင် ရေချိုပုစွန်နှင့် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်

မုံရွာ ၃၁ ဇူလိုင် 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့မှ ရွှေဘို-မြစ်ကြီးနားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့်ထွက်ခွာလာကာ ရွှေဘို-ကန့်ဘလူ-ကျွန်းလှမြို့နယ် လမ်းတစ်လျှောက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လမ်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

1


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သဖန်းဆိပ်ဆည်တွင် ကျင်းပပြုလုပ်သော ရေချိုပုစွန်နှင့် ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများနှင့်အတူ သဖန်းဆိပ်ဆည်အတွင်းသို့ ရေချိုပုဇွန် (၄၀ဝ၀)ကောင်နှင့် ထိုင်းငါးခုံးမ၊ ငါးမျှစ်ချင်း၊ ငါးသလောက်၊ ငါးပြေမ စသည့် ငါးမျိုးအကောင်ပေါင်း(တစ်သိန်း)ကောင်၊ စုစုပေါင်း ရေချိုပုစွန်နှင့် ငါးမျိုးစိတ်များ အကောင်ပေါင်း တစ်သိန်းလေးထောင်ကို  စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

 

2


ထွန်းကိုကို(ယင်းမာပင်)