စစ်ကိုင်းမြို့တွင် ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ရိက္ခာများ စတုတ္ထအသုတ် ထောက်ပံ့ပေး

 

စစ်ကိုင်း ဧပြီ ၂၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စတုတ္ထအသုတ် ဆန်ရိက္ခာထောက်ပံ့ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်များတွင် ယနေ့နံနက် ၉ နာရီကစ၍ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရိက္ခာဆန်များ ထောက်ပံ့ပေးရာတွင် စစ်ကိုင်းခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေးကတ်၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကတ်များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းမြို့ ရပ်ကွက်များရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူ ပြည်သူ ၁၂၃၈ ဦး၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု ၂၆၆၀ ဦးတို့အား တစ်ဦးလျှင် (၁)ရက် နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာအား ထောက်ပံ့ပေးအပ်သွားမည်ရာ ယနေ့တွင် ဇေယျာရပ်ကွက်၊ ပါရမီရပ်ကွက်လက်ကျံ၊ နန္ဒဝန်ရပ်ကွက်၊ တကောင်းရပ်ကွက်၊ ပဲကတိုးရပ်ကွက်များရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်များမှ ကျန်ရှိသည့် ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်