ဂန့်ဂေါ ၂၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၀) ရွာမှ ရွေးချယ်ထားသော လုပ်ငန်းများအား အတည်ပြုပေးနိုင်ရေး TPIC (Township Planning and Implementation Committee) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက အဖွင့်အမှာ စကားပြောကြားကာ ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းအောင် က Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာ အတွက် ဦးစားပေးလုပ်ငန်းများ အတည်ပြုခြင်းနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များမှ တင်ပြထားသော လုပ်ငန်း စာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ ကျေးရွာ(၁၀)ရွာမှ ကော်မတီအဖွဲ့ဝင်များ ရွေးချယ်ထားသော လုပ်ငန်းများမှာ ကျေးရွာ ကုန်ထုတ်လမ်းဖောက်ရန်၊ ကျေးရွာတွင်းလမ်းပြုပြင်ခြင်းနှင့် ကျေးရွာအတွင်း ရေနုတ်မြောင်း တူးဖော်ခြင်းစသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


