“စာတတ်သူများ စာဖတ်ရေး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီက ပြည်မြို့ စာပေချစ်မြတ်နိုးသူများအဖွဲ့၏ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

 

စာဖတ်ဝိုင်းတွင် ဦးမြဝင်း(ပါမောက္ခချုပ်-ငြိမ်း) (စာရေးဆရာမြဝင်း-ဒဿန) ဦးဆောင်သော စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးတို့က “စာတတ်သူများ စာဖတ်ရေး” ခေါင်းစဉ်ဖြင့် ဒေသတွင်း စာတတ်သူများအားလုံး စာပေဖတ်ရှုလေ့လာရေးအတွက် ဆောင်ရွက်သွားရမည့် အခြေအနေများကို ဆွေးနွေးခြင်းနှင့် ၎င်းတို့ ဖတ်ရှုလေ့လာထားသည့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန် ၁၆ ရက်နေ့မှ စတင်ကာ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လစဉ် စာဖတ်ဝိုင်းပြုလုပ်၍ သုတ/ရသ စာပေဆိုင်ရာ အကြောင်းအရာများကို စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)