စာပေစကားဝိုင်း ဆွေးနွေးပြီး စာပေချစ်သူများ တိုးပွားအောင် ဆောင်ရွက်

ရန်ကုန် ၂၂ ဒီဇင်ဘာ

 

လူငယ်ထုအတွင်း စာပေကို ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်စေရန်၊ စာဖတ်နှုန်း တိုးတက်လာစေရန်နှင့် စာပေအပေါ် အမြင်ချင်းဖလှယ်စေရန် ရည်ရွယ်၍ စာပေစကားဝိုင်းကို ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည် (၁) နာရီတွင် ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ စာအုပ်စာပေကို ဘယ်အရွယ်ကစပြီး ရင်းနှီးခဲ့လဲ၊ ဘဝမှာ အမှတ်တရ ဖြစ်စေခဲ့တဲ့ စာအုပ်နဲ့ အကြောင်းအရာ၊ ယခုလက်ရှိ ဖတ်ဖြစ်နေတဲ့ စာအုပ်၊ စာဖတ်အား ကျဆင်းရတဲ့အကြောင်း၊ စာဖတ်အား တိုးတက်လာအောင် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ စသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပြီး စာပေစကားဝိုင်းသို့ မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် ပုံမှန်စာငှားသူ၊ စာဖတ်သူများနှင့် စာပေချစ်သူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဒဂုံ(ပြန်/ဆက်)