စာကြည့်တိုက် အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း

နေပြည်တော် ၃၀ ဇန်နဝါရီ

စာကြည့်တိုက်အသုံးပြုမှုဆိုင်ရာ ပညာရေးစကားဝိုင်း အပိုင်း(၁)နှင့်(၂)ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက် စာကြည့်တိုက်မှူးကြီး ဒေါ်ယုယုတင်၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါ်မြတ်စမ်းငြိမ်း၊ မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

စီအစဉ်မှူး။ ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်းတွေမှာရှိတဲ့ ကျောင်းစာကြည့်တိုက် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်နေတဲ့ အခြေအနေတွေကိုသိပါရစေ။

ဒေါ်သစ်သစ်ခိုင်။ ။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ကျွန်မတို့ အခြေခံပညာဦးစီးဌာနရဲ့ အခြေခံကျောင်းပေါင်း ၄၇၀ဝ၅ ကျောင်း ရှိပါတယ်။ အဲဒီကျောင်းတွေမှာ ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းပေါင်း ၂၆၂၁၂ ကျောင်း ရှိပါတယ်။ နေရာအခက်အခဲကြောင့် ကျွန်မတို့ မဖွင့်လှစ်နိုင်သေးတဲ့ ကျောင်းတွေမှာဆိုရင် ကလေးတွေ ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်တွေကို စာအုပ်ဗီရိုတွေ၊ စာအုပ်သေတ္တာတွေနဲ့ စနစ်တကျ ထားရှိနိုင်ဖို့အတွက် ပံ့ပိုးဆောင်ရွက်သွားဖို့ အတွက်လည်း စီစဉ်လျက်ရှိပါတယ်။ ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ပြီး ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ ကျွန်မတို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းရဲ့ Asia Foundationက ပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးမှုလုပ်ငန်းကို လုပ်ကိုင်လာတာဆိုရင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၂၀ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာဆိုရင် ပညာရေးဝန်ကြီးဌာနက မိတ်ဖက်စာကြည့်တိုက် အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စာကြည့်တိုက် ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ကျောင်းပေါင်း ၇၁ ကျောင်း လျာထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းစာကြည့်တိုက် သက်ဝင်လှုပ်ရှားမှုအတွက်ဆိုရင် ဒီစာကြည့်တိုက်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပညာရေး ဝန်ကြီးဌာနဟာ မိတ်ဖက် စာကြည့်တိုက် အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။

စီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ မြန်မာစာပေပံ့ပိုးကူညီမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတ အဖွဲ့ MBAPF ကနေ ဆောင်ရွက်နေတဲ့ စာကြည့်တိုက် စီမံချက်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေ တွေကို ပြောပြပေးစေလိုပါတယ်။

ဒေါက်တာသန့်သော်ကောင်း ။ ။ ကျွန်တော်တို့ ဖောင်ဒေးရှင်းက ၂၀ဝ၈ ခုနှစ်ကနေ စပြီးလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်လောက်မှာ ကျွန်တော်တို့ စီမံကိန်းတစ်ခုဖြစ်တဲ့ Beyond Access ဆိုတဲ့ စာကြည့်တိုက်စီမံကိန်းတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကတော့ ရပ်ရွာတွေမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်တွေကို ပံ့ပိုးဖို့လုပ်တာဖြစ်ပါတယ်။ ၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်မှာ ကျွန်တော်တို့ Mobile Library ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ကျွန်တော်လုပ်တယ်။ Mobile Library ကလည်းမြို့ပေါင်း ၁၄ မြို့ကိုရောက်သွားပါပြီ။ ပြည်သူ့စာကြည့်တိုက်မှာပဲကြည့်ကြည့်၊ Mobile Library မှာပဲကြည့်ကြည့် ကျွန်တော်တို့ရဲ့အဓိက Library ကိုအသုံးပြုတဲ့သူကို ကြည့်မယ်ဆိုရင် ကျောင်းသား ကျောင်းသူတွေဟာ ၇၀ ရာခိုင်နှုန်း ဖြစ်နေတာကိုတွေ့ရပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ဘာလုပ်ချင်လဲဆိုရင် ကျောင်းစာကြည့်တိုက်တွေကို ပြန်လည်အသက်ဝင်အောင် လုပ်ချင်တဲ့ဆန္ဒရှိပါတယ်။

ဖွင့်လှစ်နိုင်ခဲ့

ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ နိုင်ငံတကာမှာ ကျောင်းစာကြည့်တိုက်တွေကို အတိအကျ လုပ်ပေးနေတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ နိုင်ငံတကာအဖွဲ့ထဲမှာ Road to Read  ဆိုတာရှိပါတယ်။ ဒါက အမေရိကန်အခြေစိုက်ပါ။ ဒါပေမယ့် ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄ နိုင်ငံလောက်မှာ သူတို့လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တို့ Southeast  Asia  မှာလည်းအများကြီးပါပဲ။ အဲဒီမှာ ကျောင်းပေါင်း ၂၀ဝ၀ဝ ကျော်လောက် လုပ်ထားပြီးသားရှိပါတယ်။ ကျောင်းစာကြည့်တိုက် Rule  တွေ အများကြီး Training  ပေးထားပြီးသားတွေရှိတယ်။ ကျွန်တော်တို့က ဒီအဖွဲ့တွေနဲ့ချိတ်ဆက်တယ်။ ကျွန်တော်တို့ကြိုးစားတာ လေးနှစ်လောက်ရှိပါပြီ။ သူတို့ မြန်မာပြည်ကို ဘာလို့မလာသေး တာလဲဆိုတော့ ဒီအဖွဲ့က ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့မှာ အကုန်လုံး ပံ့ပိုးပေးနေတာတွေရှိတယ်။ နောက်ဆုံးတော့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူတို့ မြန်မာပြည်ကို လာလို့ရပြီလို့ အကြောင်းပြန်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က “စာဖတ်ကြစို့” စီမံကိန်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

စာဖတ်ခြင်းအလေ့အထ

ကျွန်တော်တို့ ဘာလုပ်ခဲ့လဲဆိုတော့ဒီ “စာဖတ်ကြစို့” စီမံကိန်းအောက်မှာ အဓိက အစမ်း စာကြည့်တိုက် အလုံး ၂၀ ကို ကျွန်တော်တို့က Pilot အနေနဲ့ လုပ်ပါတယ်။ အဲဒီမှာ ဘာလုပ်ပေးလဲဆိုတော့ စာအုပ်တွေပံ့ပိုးပေးတယ်။ စာအုပ်ဆိုတဲ့နေရာမှာလည်း Level အလိုက် သတ်သတ်မှတ်မှတ် လုပ်ထားတာရှိတယ်။ ကျောင်းတွေကိုလည်း ဘယ်ကျောင်းတွေ ပါမလဲဆိုတာ ရွေးချယ်ရတယ်။ စာအုပ်တွေပံ့ပိုးပေးတယ်။ စာအုပ်စင်တွေပံ့ပိုးပေးတယ်။ ကလေးပျော် စာကြည့်တိုက်လေးတွေဖြစ်အောင် ကျွန်တော်တို့ ပြန်လည်မွမ်းမံပေးတာရှိတယ်။ စာကြည့်တိုက် Training တွေ အများကြီးပေးရပါတယ်။ Training ဆိုတဲ့နေရာမှာလည်း စာကြည့်တိုက်တစ်ခုကို ဘယ်လိုစီမံခန့်ခွဲရမလဲ၊ စာကြည့်တိုက် အချိန်တစ်ခုရဖို့ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ တစ်ပတ်မှာ တစ်ချိန်ရရင်ကျွန်တော်တို့က စာဖတ်ခြင်းအမျိုးမျိုးကို မြှင့်တင်ပေးတဲ့ဟာမျိုး လုပ်ပါတယ်။ အဓိကကတော့ အလေ့အကျင့်၊ စာဖတ်ခြင်း အလေ့အထကို ပြန်လည်နိုးကြားလာအောင်လုပ်တဲ့ စီမံကိန်းဖြစ်ပါတယ်။ မူလကတော့ ကျောင်း ၂၀၊ အခုဆိုရင် ၇၁ ကျောင်း ကျွန်တော်တို့ ရောက်သွားပါပြီ။

အစီအစဉ်မှူး။ ။ဆရာမတို့ရဲ့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းကနေပြီးတော့ စာကြည့်တိုက် အသုံးပြုတာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေရဲ့ တွေ့ရှိချက်ကိုလည်း ပြောပြပေးပါဦး။

ဒေါ်မြတ်စမ်းငြိမ်းဒေါ်။         ။ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းအနေနဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်ကနေစပြီး Asia Foundation နဲ့ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ Reenergizing School Library  ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန် တိုးတက်ရေးဆိုတဲ့စီမံချက်ကို ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ၁၀ ကျောင်းလောက် စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီလိုအကောင်အထည်ဖော်ရာမှာ လေးပိုင်း ရှိပါတယ်။ ပထမဆုံးအနေနဲ့ ပရိဘောဂ၊ နောက်တစ်ခုက စာကြည့်တိုက် ဝန်ထမ်းလုပ်မယ့်ဆရာ ဆရာမများကို Training ပေးတယ်၊ နောက်တစ်ခုက Facility ပေးတယ်၊ ကားပါကင်လုပ်တာတို့ လိုက်ကာတွေလုပ်ပေးတယ်၊ စာကြည့်တိုက်ကို အလှဆင်ပေးတယ်၊ နောက်ဆုံးအဆင့်ကတော့ Technology  အပိုင်းအနေနဲ့ Computerized Catalogue  ကို ကျွန်မတို့ ဒီစာကြည့်တိုက် ၁၀ ကျောင်းမှာ လုပ်ပေးခဲ့တယ်။

အသိပညာ ဖလှယ်နိုင်ခဲ့

ဒါ့အပြင် Asia Foundation  အကူအညီနဲ့ မြန်မာနိုင်ငံစာကြည့်တိုက်အ သင်းကနေ ဦးဆောင်ပြီးတော့ ဇွန်လမှာ ထိုင်းနိုင်ငံ ဗန်ကောက်မှာ ကျင်းပတဲ့ ပထမအကြိမ် အရှေ့တောင်အာရှ ကျောင်းစာကြည့်တိုက်များ ညီလာခံမှာ ကျွန်မတို့ကျောင်းက စာကြည့်တိုက်မှူး ဆရာ ဆရာမများနဲ့အတူ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက စာကြည့်တိုက်မှူးများ တက်ရောက်ခွင့်ရခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မှာ တက်ရောက်ခွင့်ရတယ်။ ဒုတိယအကြိမ် အရှေ့တောင်အာရှစာကြည့်တိုက်မှူးများညီလာခံ၊ တတိယအကြိမ်ကိုတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ လုပ်ခဲ့တာ ဖြစ်တယ်။ အဲဒီလိုတက်ခဲ့တဲ့အခါမှာ အခြေခံပညာကျောင်း က ဆရာ ဆရာမတွေနဲ့အတူ MLA က မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက စာကြည့်တိုက်မှူးတွေ ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းစာကြည့်တိုက်များ စီမံချက် ဆောင်ရွက်နေမှုတွေကို တင်ပြဆွေးနွေးနိုင်ခဲ့တဲ့အပြင် ကျွန်မတို့ရဲ့ အတွေ့အကြုံ အောင်မြင်မှုတွေ၊ စိန်ခေါ် မှုတွေကို တင်ပြနိုင်ပြီးတော့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကျွန်မတို့ ဒီနိုင်ငံတကာအဖွဲ့အစည်းများဖြစ်တဲ့ nternational Association of School Librarianship (IASL) က စာကြည့်တိုက်ပညာရှင်များနဲ့ အသိပညာ ဖလှယ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ စာကြည့်တိုက်များ တိုးတက်အောင်မြင်မှုအတွက် နည်းလမ်းတွေကို တိုင်ပင်ဆွေးနွေးနိုင်ခဲ့တယ်။ ဒါ့အပြင် စတုတ္ထအကြိမ် ကျောင်းစာ ကြည့်တိုက်များညီလာခံကို မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်မေလမှာ Consal လို့ခေါ်တဲ့ hJCongress of Southeast Asian Librarian 17 ရဲ့ Libraries Pre- Conference  အနေနဲ့ နေပြည်တော်မှာ ကျွန်မတို့ကျင်းပခွင့်ရခဲ့တယ်။ အလွန်အောင်မြင်တဲ့ Conference  တစ်ခုပါ။ ကျောင်းစာကြည့်တိုက်မှူးတွေ၊ အခြေခံပညာမှဆရာ ဆရာမတွေ ၂၀ဝ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမှာလည်း ကျွန်မတို့ ASEAN ဒေသတွင်းအပြင် ဂျပန်တို့၊ အခြားနိုင်ငံများနဲ့အတူ ကျောင်းစာကြည့်တိုက်တွေကို ဘယ်လိုချိတ်ဆက်ပြီးတော့ နိုင်ငံတွင်း၊ ဒေသတွင်းမှာ ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတဲ့ နည်းလမ်းတွေကို ကျွန်မတို့ရရှိခဲ့တာဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်အနေနဲ့ စာကြည့်တိုက်လုပ်ငန်းတွေ  ဆောင်ရွက်နေမှုတွေကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဒေါ်ယုယုတင်။ ။ ကျွန်မတို့ ဒီတက္ကသိုလ်များဗဟိုစာကြည့်တိုက်က မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်၊ ကောလိပ်အားလုံးကိုဦးဆောင်နေတဲ့ စာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှာ စာအုပ်စာတမ်းတွေအပြင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပေ၊ ပုရပိုက်တွေအားလုံးကိုလည်း စုဆောင်းထားရှိပါတယ်။ ဒီလိုစုဆောင်းထားရှိရာ မှာ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်ပေါင်း ၆၀ဝ၀ဝ၀ ကျော်ရှိတယ်။ ပေ၊ ပုရပိုက်တွေက ၂၁၀ဝ၀ ကျော်ရှိပါတယ်။ microfilm  ဆို ၅၀ဝ၀ ကျော်ရှိမယ်။ Thesis တွေ၊ စာတမ်းရှင် Term paper  အကြမ်းအားလုံးက ၂၈၀ဝ၀ ကျော်ရှိပါတယ်။

အဲဒီစုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံးကိုကျောင်းသား ကျောင်းသူတွေနဲ့ ပြင်ပသုတေသန ပြုလုပ်သူတွေ အားလုံးကို သိရှိနိုင်ဖို့အတွက် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ ဌာန ၁၀ ခု ထားပြီးတော့ ကျောင်းသား ကျောင်းသူများအားလုံး အသုံးပြုနိုင်မယ့် အဆင့်အထိရောက်အောင် ပြုလုပ်ပေးထားပါတယ်။ ဌာနစိတ်တွေဆိုရင်တော့ မြန်မာစာပြုဌာနစိတ်၊ အင်္ဂလိပ်စာပြုဌာနစိတ်၊ ပေ၊ ပုရပိုက်ဌာနစိတ် ရှိပါတယ်။ ရည်ညွှန်းဌာနစိတ်၊ စာငှားဌာနစိတ်၊ e-Library section  ရှိမယ်။ နောက်တစ်ခါ စာပေပစ္စည်းထိန်းသိမ်းရေးဌာနစိတ်နဲ့ စာအုပ်လဲလှယ်ရေးနှင့် လှူဒါန်းရေးဌာနစိတ်၊ microfilm ဌာနစိတ်ဆိုပြီးတော့ ဌာနတွေရှိပါတယ်။ အဲဒီဌာနတွေကနေ စာအုပ်တွေ၊ စာပေပစ္စည်းတွေ စုဆောင်းတာတွေအားလုံးကို စနစ်တကျပြုလုပ်ထားပြီးတော့ ကျောင်းသား ကျောင်းသူတွေ ငှားလို့ရအောင် အဆင်သင့်ပြုလုပ်ပေး ထားပါတယ်။ ငှားရမ်းတဲ့အခါမှာလည်း ကျောင်းသား ကျောင်းသူတွေကို နှစ်အုပ်ကို နှစ်ပတ်ပေးငှားပါတယ်။ ဆရာ ဆရာမတွေကိုတော့ ငါးအုပ်ကို နှစ်ပတ် ပေးငှား ပါတယ်။ စာအုပ်ငှားရမ်းတဲ့အခါမှာဆိုရင် ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ၊ သုတေသီတွေအားလုံးဟာ Catalogue ကို ရှာတဲ့အခါမှာ e-Catalogue လို့ခေါ်တဲ့ ကွန်ပျူတာကနေရှာတဲ့ Library Automation System  ကနေ ရှာလို့ရပါတယ်။

ဝန်ဆောင်မှုပြုလုပ်ပေး

Manual ဖြစ်တဲ့ စာကြည့်တိုက်ရဲ့ Catalogue cabinet  ကနေပြီးတော့လည်း စာအုပ်တွေကို ရှာလို့ရပါတယ်။ ရှာပြီးတဲ့အခါမှာလည်း အွန်လိုင်းအနေနဲ့ ကျွန်မတို့ရဲ့ ဃူ UCL Website ကနေ၊ e-Catalogue တွေကနေ ရှာလို့ရပါတယ်။ UCL Website  မှာ တက္ကသိုလ်ကောလိပ်၂၃ ခုစလုံးရဲ့ စာအုပ်တွေ၊ Catalogue တွေ တင်ထားတဲ့အတွက်ကြောင့် ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ရှာလို့ရပြီးတော့ အဲဒီစာအုပ်တွေအားလုံးကို Inter Library Loan လို့ခေါ်တဲ့ စာကြည့်တိုက်အချင်းချင်း ပူးပေါင်း ဆောင်ရွက်ပြီးတော့ အားပေးတာမျိုးနဲ့ ငှားပေးပါတယ်။ ဒီလို စာအုပ်တွေငှားလို့ရတဲ့အပြင် အွန်လိုင်းအနေနဲ့လည်း e-resources တွေ၊ e - database တွေကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်က ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံစာကြည့်တိုက်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖွဲ့ထားတာ ရှိပါတယ်။ တက္ကသိုလ်၊ ကောလိပ် ကိုးခုကနေပြီးတော့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားချက်နဲ့ကျွန်မတို့ ဝယ်ပေးပါတယ်။ အဲဒါတွေကိုလည်း အွန်လိုင်း ကနေပြီးတော့ ကြည့်လို့ရပါတယ်။ အဲဒီမှာဆိုရင် e-Journal  ပေါင်း ၂၂၀ဝ၀ ရှိပါတယ်။ e-books ပေါင်း ၂၅၀ဝ၀ဝ ကျော်ရှိပါတယ်။ အဲဒီလိုမျိုးကြည့်ပြီးတော့ကိုယ်လိုချငတဲ့ Data  တွေ၊ Information တွေကို Print ထုတ်တာ၊ Copy လုပ်တာ၊ Scan ဖတ်တာ Digital type  လုပ်တာတွေအားလုံးကို စာကြည့်တိုက်ကနေ ဝန်ဆောင်မှု ပြုလုပ်ပေးနေပါတယ်။

နောက်တစ်ခါ စာကြည့်တိုက်ကနေ စာဖတ်သူတွေ၊ အသုံးပြုသူတွေ များလာဖို့အတွက် စာကြည့်တိုက်ကို စိတ်ဝင်စားအောင် ရောက်လာတဲ့ စာအုပ်တွေကိုလည်း Display လုပ်တာမျိုး၊ Orientation လုပ်ပေးတာမျိုး စီစဉ်ပေးပါတယ်။ ပြီးရင် ဒီစာကြည့်တိုက်တွေမှာ လာအသုံးပြုကြတဲ့သူတွေက အကြံပြုပြီးတော့ ဒီစာအုပ်တွေကို ဝယ်ပေးပါဆိုရင်လည်း ကျွန်မတို့က ဝယ်ပေးပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာဌာနတွေနဲ့လည်း ညှိပြီးတော့ စာအုပ်တွေဖြည့်ဆည်းထားပေးပါတယ်။

အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ ဒီစာကြည့်တိုက်တွေကို အသုံးပြုဖို့လိုအပ်ရတဲ့ အကြောင်းရင်းလေးကို ရှင်းပြပေးပါ။

ဒေါက်တာသန့်သော်ကောင်း။ ။ စာကြည့်တိုက်တွေ သုံးမယ်ဆိုရင် အသိပညာတွေ၊ အတတ်ပညာတွေ အများကြီး ဆည်းပူးနိုင်မယ်။ ဒါကတော့ အရေးကြီးပါတယ်။ ဒီ “စာဖတ်ကြစို” စီမံကိန်း ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကလေးပျော်စာကြည့်တိုက်လေးတွေ ဖြစ်လာဖို့ ဖြစ်ပါတယ်။ ကလေးပျော် စာကြည့်တိုက်ဆိုတာက စာဖတ်ခြင်းအလေ့အထပါ။ ဒီအလေ့အထလေးတွေ ပြန်လည်နိုးကြားလာဖို့အတွက် သူတို့ကို ပြန်လည်နှိုးဆွပေးတဲ့သဘောပါ။ အဲဒါကိုအဓိကထားပြီး လုပ်တာဖြစ်ပါတယ်။ ကလေးတွေစာကြည့်တိုက်ကိုလာရင် ပျော်ရမယ်၊ အဲဒီ Message ကို ကျွန်တော်တို့က အဓိကပေးပါတယ်။ လာချင်စဖွယ်ဖြစ်အောင်လည်း အခန်းကို ပြင်ဆင်ထားပါတယ်။ ပုံလေးတွေ ပြထားတယ်၊ အခန်းနံရံ ဆေးရေးပန်းချီလေးတွေ လုပ်ပေးထားတယ်၊ တချို့နိုင်ငံခြားသားတွေကို ခေါ်ပြီးပြရင်တောင် သူတို့နိုင်ငံတွေမှာ ဒါမျိုးမရှိဘူးဆိုတဲ့ Message ကိုရပါတယ်။

စာဖတ်ခြင်းလေးမျိုး

အဲဒီတော့ ကလေးတွေဟာ လာချင်စဖွယ် စာကြည့်တိုက်ကို လာမယ်။ စာဖတ်ခြင်း အလေ့အထတွေကို ပြန်ရအောင်လုပ်မယ်။ ကျွန်တော်တို့ အဓိက Target ထားတာကတော့ မူလတန်း အရွယ်လေးတွေပါ။ ဒီအရွယ်လေးတွေဆိုရင် တစ်တန်းကနေပြီးတော့ ခြောက်တန်း အထိပါ။ ဒီအရွယ်လေးတွေကို ကျွန်တော်တို့က Habit လုပ်ရတာ လွယ်တယ်။ အခန်းလေးကလည်း လာချင်စဖွယ်ဖြစ်လာပြီ၊ အဲဒီအချိန်မှာ ကျွန်တော်တို့က Training တွေထဲမှာ ဘာလုပ်ထားလဲဆိုတော့ စာဖတ်ခြင်းလေးမျိုးကို သင်ပေးထားတာရှိပါတယ်။ စာကြည့်တိုက်ကို တစ်ပတ်တစ်ကြိမ် သွားရမယ်ဆိုတာ ဃကမမငခကူကာ မှာလည်း ပါလာပြီဆိုတော့ အတန်းပိုင်ဆရာမကနေ ကလေးတွေကိုခေါ်လာမယ်၊ တစ်တန်း၊ နှစ်တန်း အရွယ်လေးတွေကိုဆရာမက ရှေ့ကနေဖတ်ပြရမယ်၊ Reading Aloud  အသံထွက်ဖတ်နည်းလို့ခေါ်တယ်။ ကလေးတွေက နားထောင်ရတယ်၊ နှစ်တန်းလောက်ဆိုရင် စပြီး ဖတ်လို့ရပါပြီ။ အတူတကွ စာဖတ်ခြင်း Share Reading လို့ခေါ်တယ်။ ဆရာမကလည်း စာအုပ်တစ်အုပ်ကိုင်ထားမယ်၊ ကလေးတွေကလည်း ကိုင်ထားမယ်ဆိုရင် အားလုံးဟာ စာအုပ်တစ်အုပ်တည်းကိုပဲ အတူတူဖတ်ကြတာပေါ့။

နောက်တစ်ခုက သုံးတန်း၊ လေးတန်းလောက်ဆိုရင်ကျွန်တော်တို့က Pair Reading နှစ်ယောက်တွဲ၊ နှစ်ယောက်တွဲလေးတွေ ဖတ်တယ်။ နောက်ထပ်နည်းနည်း ကြီးသွားပြီဆိုရင်တော့ တစ်ဦးချင်းဖတ်တာပေါ့။ Independent Reading လို့ ခေါ်ပါတယ်။ ဘာကို Message ပေးချင်တာလဲဆိုတော့ အတူတကွ စာဖတ်ခြင်းမှာ မွေ့လျော်သွားစေတဲ့ အဓိကရည်ရွယ်ချက်ပါ။ စာဖတ်ခြင်းကို မွေ့လျော်သွားဖို့ အငယ်လေးတွေမှ လုပ်လို့ရပါတယ်။ ဒါမှ သူတို့လေးတွေ အလေ့အကျင့်ဖြစ်လာမယ်၊ ဒီလိုအလေ့အကျင့်ဖြစ်လာပြီဆိုရင် နောက်ပိုင်းမှာ ဆရာ ဆရာမတွေ မတိုက်တွန်းရဘဲ သူတို့ဘာသာ စာကြည့်တိုက်ကိုလာချင်တဲ့ ဆန္ဒဖြစ်လာမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒီတော့ စာဖတ်ခြင်း အလေ့အထ၊ စာကြည့်တိုက်သွားတဲ့ ယဉ်ကျေးမှုတွေကို ပြန်လည် ထွန်းကားစေချင်တဲ့အတွက် အထူးသဖြင့် ကျောင်းစာကြည့်တိုက်တွေကို ပြန်လည်ထွန်းကားအောင်လုပ်ရခြင်း ရည်ရွယ်ချက် ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီစာကြည့်တိုက်တွေ အသုံးပြုလာတာနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်သင့်တာလေးတွေကိုလည်း ဆရာမကဆက်ပြီး ပြောပြ ပေးပါဦး။

ဒေါ်မြတ်စမ်းငြိမ်း။ ။စာကြည့်တိုက် အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေး စီမံချက်အပြင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနဲ့ ၂၀၁၇ ခုနှစ်မှာ ကျောင်း ၁၀ ကျောင်းမှာ ကျွန်မတို့ ပညာရေးဝန်ကြီးဌာနရဲ့ အကူအညီနဲ့ အကောင်အထည် ဖော်ခဲ့ပါတယ်။ စာကြည့်တိုက်များ ပြန်လည်ရှင်သန်တိုးတက်ရေးဆိုပြီး သိသာတဲ့ Impact ကို ရရှိပါတယ်။ တချို့ကျောင်းတွေမှာဆိုရင်၂၀၁၅ ခုနှစ်လောက်က စာဖတ်သူဦးရေ တစ်နှစ်ကို ၆၀ဝ ပဲရှိပါတယ်။ ၂၀၁၆ မှာဆိုရင် ၆၀ဝ၀၊ ၂၀၁၇ ခုနှစ်မှာ ၇၀ဝ၀ အထိ တိုးတက်လာတာ တွေ့ရပါတယ်။ တခြား Data တွေလည်း (၁၀ဝ ရာခိုင်နှုန်း) လောက်ကို တိုးတက်လာတာတွေ့ရပါတယ်။ ဒါဟာ Usage System  distinct  အမြဲကောက်နေကြတာ ဖြစ်ပါတယ်။

စာဖတ်စွမ်းရည်မြင့်

အဓိကက ကျောင်းမနေမီ အရွယ်ကလေးတွေကနေ စာဖတ်ခြင်းအလေ့အထကို မိဘတွေက အိမ်မှာပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို အလေ့အကျင့် ရှိသွားပြီဆိုရင် ကျောင်းစတက်တဲ့အချိန်မှာ ကလေးတွေဟာ သိပ်ပြီးတိုက်တွန်းစရာမလိုဘဲနဲ့ စာဖတ်စွမ်းရည်မြင့်လာ မယ့် အခြေခံကောင်းတွေရလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကလေးတွေဟာ စာဖတ်ရတာ ပျော်လာမယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ တကယ့်ကို အားကောင်းတဲ့အစီအမံတွေကို Let’s Read Project နဲ့ ဆရာ ဒေါက်တာသန့်သော်ကောင်းတို့နဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းကလည်း တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်းပေးတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် မှန်ကန်တဲ့၊ အဆိပ်အတောက်ကင်းတဲ့ စာပေများကို ကျွန်မတို့ စာကြည့်တိုက်မှူးများကိုယ်တိုင် ရွေးချယ်ပြီးတော့ဝယ်ပေးထားတာ ဖြစ်ပါတယ်။ မိဘများ၊ ဆရာ ဆရာမများကိုလည်း ကျွန်မတို့က ဘယ်လိုရွေးချယ်ပြီး ဝယ်ပေးရမလဲဆိုတာပါ သင်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ဆရာ ဆရာမတွေကလည်း ဘယ်လိုစာအုပ်မျိုး ရွေးချယ်သင့်သလဲ၊ ဘယ်လိုစာအုပ်မျိုးကတော့ ဘယ်အတန်း၊ ဘယ် Grade Level လဲဆိုတာကို တစ်ခါတည်း သင်ပေးသွားတာ ဖြစ်ပါတယ်။

ကျောင်းတိုင်းပျိုးထောင်ပေးဖို့လို

စာကြည့်တိုက်တစ်ခု တည်ရှိခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကလေးတွေ စာဖတ်ခြင်းအလေ့အထ တိုးတက်လာအောင်နဲ့ စာဖတ်စွမ်းရည် မြင့်လာအောင် ဖြစ်ပါတယ်။ ကျွန်မတို့ ဒီ project တွေ လုပ်တဲ့အခါမှာ ဘာလေ့လာ ရလဲဆိုတော့ စာဖတ်စွမ်းရည်ကို စာသင်ခန်းထဲမှာ သင်လို့ရတယ်။ စာဖတ်အလေ့အထကို စာကြည့်တိုက်မှာပဲ လုပ်လို့ရတယ်။ ဒါကို သိလာရတာဖြစ်ပါတယ်။ နောက်တစ်ခါ ကလေးတွေဟာ ဝေါဟာရကြွယ်လာတယ်။ ဝေါဟာရ ကြွယ်လာပြီ၊ ပြောတတ်လာပြီဆိုရင် သူတို့က လူကြားထဲမှာဖြစ်ဖြစ်၊ ကျောင်း Assembly ရှေ့မှာပဲ ဖြစ်ဖြစ် စကားပြောတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှုရှိလာမယ်။ မနေ့က အင်းစိန်မြို့နယ် ကျောင်းစာကြည့်တိုက်သွားတဲ့အခါ ကျောင်းအုပ်ကြီးက သူတို့ Assembly တိုင်းမှာ ကလေးတွေကို စာအုပ်တစ်အုပ် ဖတ်ပြီးတော့ အဲဒီစာအုပ်ကို ကလေး တစ်ယောက်စီကို ဘာစာအုပ်လဲဆိုတာ Book Review  အနေနဲ့ ကလေးအားလုံးရှေ့၊ တစ်ကျောင်းလုံးရဲ့ရှေ့မှာ ပြန်ပြောပြတဲ့အလေ့အထကို လုပ်ပေးနေတာ တွေ့ရတယ်။ ဒါအလွန်ကောင်းတဲ့ အလေ့အကျင့်လေးတစ်ခုပါ။ ဆက်ပြီးတော့ ကျောင်းတိုင်း ပျိုးထောင်ပေးဖို့ လိုပါတယ်။

စာကြည့်တိုက်ကိုပြင်ဆင်

အဓိကကတော့ ကလေးတွေ၊ ကျောင်းသား ကျောင်းသူတွေ ပျော်ရွှင်ချမ်းမြေ့တဲ့ အတွေ့အကြုံ ခံစားရအောင်ကျွန်မတို့က ဒီစာကြည့်တိုက်လေးကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးလုပ်ရမယ့်အဆင့်ပါ။ နောက်တစ်ဆင့်ကတော့ ကျောင်းသား ကျောင်းသူတစ်ဦးစီအတွက် စာကြည့်တိုက်ကို လာတဲ့အချိန်မှာ ထူးခြားတဲ့ ပျော်ရွှင်မှုကို သူတို့ခံစားသွားရမှာဖြစ်ပါတယ်။ သူတို့ပျော်ရွှင်ပြီဆိုရင်ထပ်ကာ ထပ်ကာ လာချင်မယ်၊ ထပ်ကာ ထပ်ကာ စာဖတ်ချင်မယ်။ အဲဒီလိုဖတ်တဲ့အခါမှာ အိမ်မှာရော ကျောင်းမှာပါ ဖတ်နေဖို့လိုပါတယ်။ အိမ်မှာ အရေးအကြီးဆုံးကတော့ မိဘများပါပဲ။ မိဘတွေက သူတို့စာဖတ်နေတဲ့အချိန်မှာ အဟန့်အတားဖြစ်စေမယ့် မှားနေတယ်ဆိုတဲ့ ထောက်ပြမှုမျိုး မလုပ်ဘဲနဲ့ ကျောင်းမှာလည်း ဆရာ ဆရာမတွေက သူတို့ဖတ်နိုင်တဲ့အချိန်မှာ အဟန့်အတားဖြစ်စေတဲ့ စကားလုံးမျိုး၊ ဆူပူတဲ့ စကားလုံးမျိုးမပြောဘဲနဲ့ စာဖတ်ခြင်းကို အနှောင့်အယှက်မဖြစ်စေဘဲ ဆက်လက်ပြီးတော့ စာဖတ်ပျော်လာအောင် လုပ်ပေးဖို့လိုပါတယ်။ ဒါဆိုရင် ဒီကျောင်း စာကြည့်တိုက်ဆိုတာက တကယ့်ကို သူတို့အတွက်က အတွေ့အကြုံကောင်းတွေ၊ ဗဟုသုတတွေ၊ ပျော်ရွှင်မှုတွေရရှိမယ့် တကယ့်နေရာတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(သတင်းအဖွဲ့)