ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ အသက်ရှူစက်တစ်လုံး လှူဒါန်း

ဗန်းမော်   မတ်    ၁၁

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသည့် အသက်ရှူစက်(Yuwell YH-830 BiPAPs) တစ်လုံးကို မတ် ၁၁ ရက် နံနက်ပိုင်းက ဗန်းမော် ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဌာနရှေ့၌ လှူဒါန်းခဲ့သည်။

 

အဆိုပါ အသက်ရှူစက်(Yuwell YH-830 BiPAPs)ကို ဗန်းမော်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့က ဗန်းမော်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်စိုးထံ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

             

ကိန်းဖြူ(ပြန်/ဆက်)