ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းလာသည့်ကလေးများကို ပိုမိုထောက်ပံ့ရန် ယူနီဆက်ဖ် သံတမန်တိုက်တွန်း

ဂျီနီဗာ ၁၃  ဇန်နဝါရီ

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ သံတမန်နှင့် ဗြိတိန်သရုပ်ဆောင် တစ်ဦးဖြစ်သူ လီယန်နီဆင်သည် ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းလာသည့် ကလေးများနှင့် ဒုက္ခသည်များအတွက် ပိုမိုအကူအညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း ဘရာဇီးနှင့် ဗင်နီဇွဲလားနိုင်ငံ နယ်စပ်သို့ ရောက်ရှိလာစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နီဆင်က ၎င်း၏လေးရက်တာခရီးစဉ်အတွင်း ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းလာသည့် ကလေးငယ်များ၊ မိသားစုများနှင့်တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကလေးများအတွက် အကူအညီ ပိုပေးကြရန်လည်း တောင်းဆိုခဲ့သည်။ ၎င်းနှင့်စကား ပြောဆိုခဲ့သည့် ကလေးများနှင့် မိသားစုများမှာ အားနည်းချို့တဲ့နေကြကြောင်း၊ ပိုင်ဆိုင်မှုများ အားလုံးထားပြီး ထွက်ပြေးလာရသည့်အတွက် ကြောက်ရွံ့မှုများ ရှိနေဆဲဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ရွှေ့ပြောင်းလာသည့် ကလေးများမှာ လုံခြုံစိတ်ချရသည့်နေရာတွင် ပညာသင်ကြားရန်၊ ကျန်းကျန်းမာမာ ကြီးပြင်းလာရန် အခွင့်အရေးရှိကြောင်း၊ ဘရာဇီးတွင် ၎င်းတို့ ဘ၀သစ် ပြန်လည်စတင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံသားများအား ခိုလှုံသူအဖြစ် လျှောက်ထားရန်နှင့် နေထိုင်ခွင့်ရရန် မည်သို့မည်ပုံ လျှောက်ထားရမည်ကိုလည်း သတင်းအချက်အလက်များ မျှဝေပေးထားပြီး လိုအပ်ပါက ကာကွယ်ဆေးလည်း ထိုးပေးသည်။ လက်တင်အမေရိက နိုင်ငံများသည် ဗင်နီဇွဲလားမှ ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည် ၃ ဒသမ ၉ သန်းကို လက်ခံထားရပြီး ယင်းဖြစ်ရပ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံးရွှေ့ပြောင်း နေထိုင်မှုပင်ဖြစ်သည်ဟု ယူနီဆက်ဖ်ကပြောသည်။

ဗင်နီဇွဲလားနိုင်ငံမှ ထွက်ပြေးလာသူ မိသားစုအရေအတွက်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး ယခုနှစ် အတွင်းတွင် ဗင်နီဇွဲလားမှ ကလေး ၁ ဒသမ ၉ သန်းမှာ အကူအညီ ရွှေ့ပြောင်းလာသူများ အပါအဝင်များ လိုအပ်လျက်ရှိသည်။

ဆင်ဟွာ