၁၄ ဖေဖော်ဝါရီ
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၆ ဦးသေဆုံးပြီး ၁၇၁၆ ဦး ရောဂါပိုး ကူးစက်ခံထားရကြောင်း၊ မျက်နှာဖုံးတွေနဲ့ ကာကွယ်ရေးဝတ်စုံ မလုံလောက်မှုကြောင့် ရောဂါပိုးကူးစက်မှုတွေ နဲ့ ဆရာဝန်နဲ့ သူနာပြုတွေရင်ဆိုင်ရတာဖြစ်ကြောင်း ဒီနေ့(သောကြာနေ့) မှာ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း စတင် အသိပေးသူ ဆရာဝန်သေဆုံးမှုကို လူထုက ဒေါသတကြီး ဖြစ်နေတာ သီတင်းတစ်ပတ်ကြာပြီးနောက် အခုလို ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရောဂါကူးစက်မှုနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုလာဖြစ်ပါတယ်။
ကိုဗစ်19 ဗိုင်းရပ်စ်ပိုးလက္ခဏာ တွေရှိသူ ၁၁၀၂ ဟာ ဝူဟန်မြို့က ဖြစ်ပြီး၊ နောက်ထပ် ၄၀ဝ ကတော့ ဟူပေပြည်နည်ထဲက ဖြစ်တယ်လို့ အမျိုးသား ကျန်းမာရေးဌာန ဒုဝန်ကြီး ဇန်ရင်ဇင်း က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ဝူဟန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသား၊ အမျိုးသမီး အားလုံးက ဗိုင်းရပ်စ်ပိုး အကူးအသန်းမရှိအောင် ဆံပင်တွေကို အတိုဆုံး ရိုတ်ထားကြကြောင်း သိရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်19 ဗိုင်းရပ်စ်ပိုးရဲ့ အကျိုးသက်ရောက်မှုတွေကို အနည်းဆုံး ဖြစ်အောင်လုပ်မယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသွားမယ်လို့ နိုင်ငံပိုင်သတင်းဌာနကနေ တစ်ဆင့်ပြောကြားပါတယ်။
MDN
ကိုးကား- AFP