ဗိုလ်ချုပ်ကြီးဆူလေမန်နီ နေရာကို ဆက်ခံမယ့် အစ်စမေးကာနီ

၁၀ ဇန်နဝါရီ

 

အီရန်နိုင်ငံရဲ့ ကတ်တပ်ဖွဲ့ (IRGC) ရဲ့ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမန်နီဟာ ဇန်နဝါရီလ ၃ ရက်နေ့က အမေရိကန်နိုင်ငံက ဒရုန်းအသုံးပြုပြီးတိုက်ခိုက်ခဲ့ရာမှ သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဆူလေမန်နီရဲ့ နေရာကို ဆက်ခံဖို့အတွက် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ က အစ်စမေးကာနီကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

 

ရွေးချယ်တင်မြှောက်စဉ်မှာ ကတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းဆူလေမန်နီလိုဘဲ ကာနီမှာ တာဝန်အပြည့်အဝရှိတယ်လို့ ပြောကြားပါတယ်။ ကတ်တပ်ဖွဲ့ဟာ အီရတ်၊ လက်ဘနွန်၊ ဆီးယီးယားနဲ့ ယီမင်နိုင်ငံအတွက် အဓိကကျတဲ့ နေရာကနေ တာဝန်ယူလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

 

ကတ်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးဖြစ်လာတာ ကာနီဟာ အရင်က ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ပြီး အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်းမှာ သေဆုံးခဲ့တဲ့ ဆူလေမန်နီနဲ့ လက်တွဲလုပ်ခဲ့သူဖြစ်ပါတယ်။ ကတ်တပ်ဖွဲ့ဟာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးအတွင်းမှာ ထွက်ပေါ်လာသော နိုင်ငံရဲ့ အစ္စလမ်စနစ်ကို ကာကွယ်ရန် ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်ကြီးကာနီဟာ ၁၉၅၇ ခုနှစ်သြဂုတ် ၈ ရက်နေ့တွင် မွေးဖွားသူ (အသက် ၆၃ နှစ်) ဖြစ်ပြီး အီရန်နိုင်ငံရဲ့ ဒုတိယလူနေမှု အများဆုံး မာရှားမြို့မှာမွေးဖွားခဲ့ပါတယ်။ ကာနီဟာ ရှီးယားမူစလင် ဖြစ်တဲ့အတွက်လည်း အရေးပါတဲ့ ဘာသာဝင်မျိုးရိုးမှ ဆင်သက်လာသူလို့ ဆိုနိုင်ပါတယ်။

 

ကတ်တပ်ဖွဲ့ကို ၁၉၈၀ ခုနှစ်မှာကာနီဝင်ရောက်ခဲ့ပါတယ်။ ကာနီဟာ ဆူလေမန်နီလိုဘဲ အီရန်-အီရတ် စစ်ပွဲ (၁၉၈၀-၁၉၈၈) မှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တစ်ဦးဖြစ်ပါတယ်။ ဆူလေမန်နီရဲ့ ဥပဓိရုပ်သွင်က ခေါင်းဆောင်ပုံရှိပေမယ့် ကာနီမှတော့ အဲဒီလို သွင်ပြင်မျိုး မရှိတာကို တွေ့ရပါတယ်။

 

ဆူလေမန်နီက အီရန်နိုင်ငံ မြောက်ပိုင်းကို အဓိကထား တာဝန်ယူခဲ့ပေမယ့် ကာနီကတော့ နိုင်ငံရဲ့ အရှေ့ပိုင်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန် မြောက်ပိုင်းက မဟာမိတ်တွေကို  ကူညီရေးမှာ အဓိက တာဝန်ခဲ့သူဖြစ်ပါတယ်။

 

MDN

ကိုးကား- AFP